*Unicode*
နှာဖျားထက်တိုးဝေ့ကျီစယ်လာသော
ပိုးသတ်ဆေးနံ့စူးစူးကြောင့်
အားနည်းကာမှိတ်ကျနေသော မျက်ဝန်းအား
ဖြည်းဖြည်းခြင်းဖွင့်လိုက်လေတော့
အဖြူရောင်မျက်နှာကျက်ကဆီးကြိုသည်။လက်ကောက်ဝတ်ထက် တစ်စိမ့်စိမ့်စီးဝင်နေသော
ဆေးပိုက်က လှောင်ပြောင်နေသယောင်။
ဧကန ဆေးရုံရောက်နေတာလား။"ဟက် ငါမသေသေးဘူးပဲ "
နောက်ဆုံးမှတ်မိသည်က Tower အပြင်ဘက်
နေအပူချိန် ကိုယ်အပူချိန် စိတ်ပင်ပန်းမှုတို့ပေါင်းမိပြီး
လှဲကျသွားခဲ့တာ။ သတိမမေ့ခင်အချိန်ထိ
Darling ကိုတောင်းတနေမိတာ။
Darling ငါ့ကိုခေါ်လာတာများလား။ခပ်ဖွဖွရည်ရွတ်ပြီး ထထိုင်လိုက်တော့
အနားကိုအပြေးရောက်လာသည့် အစ်ကိုမင်ဟိုဂီ။အကိုက ဘယ်လိုများရောက်နေတာပါလိမ့်။
Darling ခေါ်ထားတာလား။
မဖြစ်နိုင်တာ အကို့ကို Darling ကမှမကြည်ဖြူပဲ။"ဂျွန်ငယ် ဖြည်းဖြည်းထပါကွာ။
ခေါင်းမူးသေးလား ခဏနော် အကိုဆရာဝန်ခေါ်ပေးမယ်"ပြာယာခတ်ကာ ဂျွန့်အားသိပ်စိတ်ပူရှာသော
အကို့နေရာမှာ Darling ဖြစ်နေရင်သိပ်ကောင်းမှာပဲ။
ဒါနဲ့ Darling ရော ဂျွန်နိုးလာပြီလေ
Darling ဘယ်ရောက်နေလဲ။"အကို...."
"ပြောဂျွန်..အကိုနားထောင်နေတယ်"
အခန်းထဲဝေ့ဝဲကြည့်ကာ တစ်ခုခုရှာနေဟန်ရှိသော
ကလေးငယ်ရဲ့ စကားသံအဆုံး ဟိုဂီအသဲတွေကွဲရပါရဲ့။"Darling ရောအကို...ဂျွန်ကို Darling က
ဆေးရုံခေါ်လာပေးတာမဟုတ်လား"မျှော်လင့်ချက်တို့စုံစည်းရာ မျက်ဝန်းဝိုင်းတွေဖြင့်
ဂျွန်ငယ့်ကို ဘယ်လိုများပြောထွက်ရက်ပါ့မလဲ။
အားနည်းကာ သတိလစ်သွားနေတဲ့ကောင်လေးကို
ခရီးသွားတစ်ဦးကအမြင်မတော်၍
ဆေးရုံကိုဖုန်းဆက်ခဲ့သည်ဆိုတာကို။
YOU ARE READING
Sour Candy (Complete)
Fanfictionဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook