*Unicode*
9 လပိုင်း 1 ရက်နေ့။
တစ်နည်းအားဖြင့် သူ့မွေးနေ့။မနက်အာရုံတက်နေထွက်ချိန်မှစလို့
လေးပင်နေတဲ့စိတ်က ဘာကြောင့်များပါလိမ့်။
နှစ်တိုင်းလိုအထီးကျန်နေခဲ့တဲ့ မွေးနေ့မှာ Darling ဟာလဲ
အမှတ်ရကာအဖော်ပြုပေးလိမ့်မည်ဆိုတာ
သိပ်စိတ်ကူးယဥ်ဆန်လွန်းသည်မဟုတ်လား။သူ့အတွက်မွေးနေ့ဆိုတာ သာမာန်နေ့ရက်တေလိုပါပဲ။
အသက်တစ်နှစ်ကြီးသွားတာကလွဲလို့ပေါ့။
အသက်ကပေးတဲ့တာဝန်အနေနဲ့ Darling ကို
23 နှစ်ပြည့်ချိန်မှာ 22 နှစ်တုန်းကထက်သာလွန်တဲ့ချစ်ခြင်း
ပေးဆပ်ခြင်း အနှစ်နာခံခြင်းတေနဲ့ ဆက်ပြီးချစ်ဖို့။ငါ့အချစ်ထုထည်ဘယ်လောက်ကြီးမားလဲ
မင်းပိစိလေးပဲဖြစ်ဖြစ်
သိထားပေးရင်ငါအများကြီးပျော်မှာ Darling။
ကိစ္စမရှိပါဘူး
ငါအများကြီးချစ်ပြမှာမို့ကျိန်းသေပေါက် မင်းတွေ့မှာပါ။*know know*
အဆက်မပြတ်မြည်တီးလာသော လူခေါ်ဘဲလ်သံကြောင့်
ဂျွန်ဂျောင်ဂုမျက်မှောင်အနဲငယ်ကြုံလိုက်မိသည်။
မနက်အစောကြီးရှိသေးသည်ကို ဘယ်သူကများ
သူ့စီလာရသည်လဲ။
တံခါးဖွင့်ပေးရုံမျှရှိသေး အတင်းတိုးဝင်ရောက်တဲ့
အနက်ရောင်ဝတ်စုံတွေဖြင့်
ထောင်ထောင်မောင်းမောင်းလူတစ်စုကြောင့်
လန့်ဖြန့်သွားရသည်။ နောက်မှဝင်လာသည့်
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး။
ဝတ်စားထားပုံကြည့်ခြင်းဖြင့်အသိုင်းဝိုင်းကြီးကထင်ပါရဲ့။ဂျွန်နှင့်သိမနေဘဲ ဘာအကြောင်းကြောင့်ဂျွန့်စီလာရသည်လဲ။
"ခင်ဗျားတို့ဘယ်သူတွေလဲ!!"
"သားငယ်..မာမီလေ။
သားရဲ့မေမေလေ "ထိုအမျိုးသမီးက
သူ့ရင်ဘတ်သူပုတ်ပြရင်းမျက်ရည်လဲ့စွာဆိုသည်။"မာမီ? မေမေ?..."
နားမလည်စွာ တိုးလျလျရည်ရွတ်မိလေတော့
ထိုလင်မယားဖြစ်ဟန်တူသော
ထိုအမျိုးသမီးနှင့်အမျိုးသားကခေါင်းတဆတ်ဆတ်ငြိမ်ပြသည်။
YOU ARE READING
Sour Candy (Complete)
Fanfictionဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook