*Unicode*
၉လပိုင်း၃ရက်နေ့။
ဒီနေ့နိုးထလာရခြင်းက
ဂျွန်အတွက်ကြည်နူးစရာသိပ်ကောင်းနေသည်မှာ
Darling ကြောင့်။ အနမ်းတစ်ပွင့်ဖြင့်
လာနှိုးပြီး မနက်စာပါပြင်ပေးသည့် Darling မှာ
ဂျွန်သဘောကျရပါသော
အပြုံးလေးကိုချိတ်ဆွဲ၍ထားသည်။
ဩရှသောအသံမှ ချိုသာသောစကားကို
ညင်သာစွာဆိုရင်း Darling ဟာကြွေပြီးသား
သူကိုတသဲ့သဲ့ခြွေယူပြန်ပါသည်။"Darling မင်းပျော်စရာများရှိနေလို့လား"
"ဘာလို့လဲ"
"ငါ့ကိုကောင်းကောင်းဆက်ဆံနေလို့
ဆိုတာထက် မင်းပြုံးနေလို့""ဒီတိုင်းစိတ်ကြည်နေလို့"
"မင်းပြုံးရင်သဘောကျတယ် Darling...
ငါအတွက်ပြုံးပြရင်ပိုသဘောကျတယ်။
ဒါမဲ့ မင်းက မင်းအချစ်တင်မဟုတ်ဘူး
အပြုံးလေးတောင်ငါ့ကိုမစွန့်ကျဲဘူး...
မင်းသိပ်ဆိုးတာပဲ Darling""ဟဟ ဟုတ်ပြီ...
ဒီနေ့ကိုယ်ကမင်းအတွက်အများကြီးပြုံးပေးမယ်"ပြွတ်စ့်
"စူနေတဲ့နှုတ်ခမ်းကရဲနေလို့ အပြစ်ပေးတာ"
အသံမြည်အောင်အနမ်းခံလိုက်ရသော
နှုတ်ခမ်းအား လက်ဖြင့်အုပ်ရင်း
ကြောင်အ ကာ နေရသူမှာ ဒီလူပါ။
လူကိုခြေစခေါင်းဆုံးစိုက်ကြည့်နေသော
Darling ကြောင့်မွှေးညင်းများထောင်လာရသည်။ရူးစေချင်တာလား Darling ရယ်။
ရင်ခုန်မြန်ပြီးအနုနည်းနဲ့
သေအောင်သတ်နေတော့တာလား။"ဟိတ်!..."
Darling လက် မျက်လုံးရှေ့ဝေ့ရမ်းပြလာမှ
သတိကပ်လာသည့် ဂျောင်ဂုဟာ
ရင်ဘတ်ကိုလက်လေးဖိထားလျက်။"ကိုယ်ဒီနေ့ Company သွားမှဖြစ်မယ်!
အဲ့ဒါမင်း...မင်း""အွန်း ပြောလေ ငါနားထောင်နေတယ် Darling"
မျက်ဆံတို့လှုပ်လှုပ်ရှားရှားဖြင့်ပြောရခက်နေသည့်
Darling ကို စကားစထောက်ပေးသော်လည်း
Darling ကတော့ပြောဖို့ခက်ခဲနေပုံပေါ်သည်။
![](https://img.wattpad.com/cover/309082172-288-k18185.jpg)
YOU ARE READING
Sour Candy [Complete]
Fiksi Penggemarဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook