*Unicode*
ဟိုတယ်ရောက်တော့
မိနစ်ပိုင်းလောက်ကြာသည်နှင့်
သတိပြန်လည်လာသော ဂျွန်ကြောင့်
ယွန်းဂီအံ့အားသင့်မိသည်။
သူခတ်ထားသည့်ဆေးက 2 ရက်ကြာမှ
အာနိသင်ပျယ်တာမဟုတ်လား။"မြောင်...."
"အွန်း...ဘာလို့မြန်မြန်နိုးလာရတာလဲ"
"ဟီး...ဘယ်သိမလဲ
မြောင့်ဆေးမစွမ်းလို့နေမှာပေါ့"ပြောင်စပ်စပ်ပြောလာတဲ့
ဂျွန့်ကိုမှင်သေသေကြည့်ပြီး ရေချိုးခန်းသာ
ဝင်လိုက်မိသည်။ ဒီပုံတိုင်းဆို စပိန်ကို
ဘယ်လိုခေါ်ရတော့မည်လဲ။ ခတ်ထားခဲ့သော
ဆေးကပြင်းတာမို့ ရက်ဆက်သုံးမိရင်
ဂျွန့်ကိုထိခိုက်မိမှာ...ကျစ်...။ဒီတိုင်းချော့မော့ခေါ်ပြန်ရင်လည်း
ခေါင်းမာလွန်းတဲ့ဂျွန် ခေါ်လို့ရမှာမဟုတ်ဘူး။အကြံဥာဏ်ထုတ်ရင်း
ရေပန်းအောက်မည်မျှကြာသွားသည်မသိ
ဂျွန်အော်သံကြောင့် Bathrobe တစ်ထည်က
ပြာကယာကောက်ဝတ်၍ အပြင်ထွက်လာမိတော့...
ကုတင်တက် ခြေကားယားထိုင်နေသည့်ဂျွန်!
ခေါင်းအုံးတွေဟာ ကြမ်းပြင်ထက်
ဖရိုဖရဲအိပ်ရာခင်း၊ ကုတင်ပေါ်တစ်ဝက်
ကြမ်းပြင်ပေါ်တစ်ဝက်ကျနေသည့် စောင်၊
ဝတ်ထားသည့်အနက်ရောင်အင်္ကျီအား
ဖွေးဥနေသောလည်တိုင်ပေါ်အောင်
ပုခုံးထိဆွဲချ၍ထားသည့်သူ။ တွန့်ချိုးနေသော
မျက်နှာထားက မှန်ကိုလှမ်းကြည့်၍နေသည်.....။"ဂျွန်...ဘာဖြစ်လို့လဲ"
"မြောင်....ဒီမှာကြည့်...ဟင့်..
ဂျွန်အသားအရည်မှာ အနီကွက်တွေထနေတယ်"မျက်ရည်ကျကာ
ခေါင်းလေးစောင်းပြလာသည့်ကလေးငယ်
တရှုံ့ရှုံ့ငိုလျက်။ ကင်မ်ထယ်ယောင်းပြီးရင်
ဒီကလေး ဂရုအစိုက်ဆုံးကအသားအရေမဟုတ်ပါလား။မာကင်ရာပုံစံပေါက်နေသည့်
အလက်ဂျစ် ထခြင်းက လည်တိုင်တဝိုက်အနှံအပြား။
ဧကန်ဏ
ဆေးနှင့်မတည့်သည်ကြောင့်ဖြစ်လာသော
အလက်ဂျစ်ဖြစ်နိုင်သည်။"နာနေလားဂျွန်..."
"မနာဘူး...
အဲ့တာကြီးတွေပျောက်အောင်လုပ်ပေး မြောင်..
ဂျွန်မကြိုက်ဘူး"
YOU ARE READING
Sour Candy (Complete)
Fanfictionဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook