*Unicode*
"အီဆောင်း..မင်းမသိဘူး။
ငါဂျွန်ငယ်ကို အများကြီးသဘောကျနေတာ""တစ်မနက်လုံးတစ်ညလုံးပြောနေတာမမောသေးဘူးလား
ဟိုဂီရာ""ငါ့ရင်ထဲမှာ မိုးကြိုးတွေအစင်းတစ်ရာပစ်နေတာ
ကင်မ်နဲ့ ဂျွန်ငယ်နဲ့က ဘာတွေလဲ!
ငါ့ဂျွန်ငယ်ရဲ့လက်နုနုလေးကို
ကင်မ်က ပိုင်စိုးပိုင်နင်းကြမ်းကြမ်းတမ်းတမ်းဆွဲသွားခဲ့တာ
မင်းသိလား ငါတောင် မထိရက်တဲ့လက်နုနုလေး!"မသောက်ပဲမူးကာ
ဂျောင်ဂုကီးကိုဘယ်လောက်ချစ်ကြောင်း
မြတ်နိုးကြောင်း တန်ဖိုးထားကြောင်း
ဆေးခန်းထဲထိုင်ပြောနေတဲ့ ဟိုဂီက
အချစ်ဝဲဂယက်နှစ်မွှန်းနေပြီဖြစ်ကြောင်း
အီဆောင်း ကောင်းကောင်းကြီးသိလိုက်ပါပြီ။"အီဆောင်း..မင်းပြောကြည့်
ငါ...ငါ...ဂျွန်ငယ့်ကို ရဖို့ကြိုးစားရတော့မယ်မဟုတ်လား
ကင်မ်....ကင်မ့်နောက်ပါသွားမှာမလိုလားဘူး"တုန်တုန်ရီရီပြောရှာတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ကာ
ခေါင်းခါမိတယ်။ အော်! အချစ်.....သိပ်ပူလောင်ပါလား။"စိတ်အေးအေးထား။
ငါပြောမယ် ဂျွန်ငယ်...""မခေါ်နဲ့! ဂျွန်ငယ်ဆိုတာ ငါတစ်ယောက်ပဲခေါ်ရမှာ!"
ဟိုဂီကဆတ်ခနဲရန်ထောင်လာတော့ အီဆောင်းမှာ
*ပိုရန်ကော* ဟူသော မျက်စောင်းပိစိလေးအား
ကုတင်ပေါ် ကပိုကရိုထိုင်နေတဲ့ ကောင်အားလှမ်းထိုးသည်။ဆေးမမှီအောင်လွတ်နေပြီ။
"မင်းဟာလေ..ကျစ်! ဂျောင်ဂုကီးမှာ
ချစ်သူရည်းစားမရှိရင်
မင်းမှာကြိုးစားခွင့် 100℅အပြည့်အဝရှိတယ်
အကယ်လို့ ကင်မ်နဲ့ ဂျောင်ဂုကီးက တွဲနေတာဆိုရင်
လူမှုရေးအရ မင်းပေါ်ပေါ်ထင်ထင်လိုက်လို့မရဘူးလေ""ငါလိုက်မယ်ဆိုရင်ရော"
"ပြောရတာလက်ပေါက် မကပ်စမ်းနဲ့
မင်းတဇွတ်ထိုးလုပ်ရင် ပတ်ဝန်းကျင်ရဲ့အပြောအဆိုခံရမှာ
မင်းရဲ့လူနော်!""ကျစ်"
တွေဝေသွားတဲ့ဟိုဂီက ကုတင်ပေါ်ပတ်လက်လှန်ချကာ
နဖူးပေါ်လက်တစ်ဖက်တင်ရင်းတိတ်ဆိတ်လို့သွားသည်။
အီဆောင်းကတော့ ဆေးပေးကောင်တာဘေးမှ
သူ့စားပွဲကနေ သူငယ်ချင်းဖြစ်သူကိုတစ်ချက်မျှကြည့်ပြီး
လုပ်စရာရှိတာလုပ်နေလိုက်သည်။
YOU ARE READING
Sour Candy (Complete)
Fanfictionဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook