part 13💔

3K 267 114
                                    

*Unicode*

လူရယ်လို့ဖြစ်လာရင် တစ်နေ့သေရမယ်ဆိုတာ
လောကကြီးကသတ်မှတ်ထားတဲ့
စည်းမျဉ်းတစ်ခုပေမို့ သေမဲ့အရေး
ထူးပြီးဝမ်းမနည်းချင်တော့။
အဓိကသည် ဂျွန်မသေခင်ချိန်ထိ ဂျွန်ဟာ
ဂျွန်ချစ်တဲ့ Darling အနားကပ်တွယ်ခွင့်ရသည်မို့
ပျော်တောင်ပျော်မိပါသည်။

သို့သော် Darling ပြောသလို
သူ့ဟာသိပ်အတ္တကြီးပါတယ်။
မသေခင်လေး Darling စီက အလေးထားမှုကို
ခံယူချင်ပါသေးသတဲ့။
ကြီးမားလွန်းတဲ့ချစ်ခြင်းကြောင့်
မျက်ကန်းတစ်ယောက်လို
အကုန်လိုက်လျောနေမိတဲ့ငါကလေ
ရူးမိုက်စွာ ရိုက်ချိုးခံရမဲ့မျှော်လင့်ချက်တွေထားမိပြန်ပြီ
Darling ရယ်။ လာရိုက်ချိုးလှည့်ပါဦး
မင်းမုန်းတဲ့ ဒီကအရှုံးသမားရဲ့မျှော်လင့်ချက်တစ်ချို့ကို။

နှေးကွေးနေသော ခြေလှမ်းတစ်ချို့က
သိပ်ပင်ပန်းနေကြောင်းပြသ၍နေသည်။
ဆေးရုံပြင်ထွက်လာသော အနက်ရောင်ပုံရိပ်ငယ်သည်
မှောင်ရီသန်းနေသော ပတ်ဝန်းကျင်အား
ကြည့်ပြီး ခပ်ထေ့ထေ့ရယ်မောပစ်လိုက်သည်။

"အမှောင်ရိပ်...အင်း..
ငါ့အနာဂတ်ကိုမျက်စိရှေ့တွေ့နေရသလိုပါပဲ
မှောင်မှောင်မဲမဲ ရေရေရာရာမမြင်ရတဲ့
အနက်တွေက ငါ့ fav! "

*Ti Ti *

နောက်ကျောဘက်စီက ကားမီးရောင်နဲ့အတူ
ဟွန်းသံကျယ်ကျယ် နှစ်ချက်တိတိကြောင့်
ကိုယ်ငယ်လေတုန်တက်သွားကာ လန့်သွားရသည်။

ဂျွန်ပြုံးလိုက်သည်
တကယ်နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးမိသည်။
အနောက်ဘက်ကိုလှည့်မကြည့်ပဲ 
ဦးတည်ရာအရှေ့ဘက်စီကိုသာ
တည့်တည့်မတ်မတ်လျှောက်သွားလိုက်သည်။

မကြာလိုက်ပါ ထပ်ကြားရပြန်သော ဟွန်းသံ

*Ti Ti Ti*

မှတ်မိတာပေါ့။ ဒီကားဟွန်းသံကို။
ထိုသူနဲ့ပတ်သတ်တဲ့အရာအသေးအမွှားကအစ
မှတ်မိနေတဲ့ နှလုံးသားကတဒုန်ဒုန်ခုန်ကာ
ထိုသူဖြစ်ကြောင်း အချက်ပြနေသည်လေ။
ဂျွန်ဂျောင်ဂုဟာ
ထိုသူ့အပေါ်ဤမျှလောက်ရူးသွပ်နေမိတာလေ။

ဆွဲခံလိုက်ရသောလက်ကောက်ဝတ်နှင့်
အလှည့်ခံလိုက်ရသည့် ခန္ဓာကိုယ်။

Sour Candy (Complete) Where stories live. Discover now