*Unicode*
မျက်ဝန်းတွေသည်သာ ဖွင့်မရအောင်လေးလံနေခဲ့တာ။
Darling ပေးတဲ့နာကျင်မှုတေကိုတော့
စပ်ဖျင်းဖျင်းနှင့် သိသာစွာခံစားမိလျက်သား။ပြင်းထန်တဲ့အသားချင်းရိုက်ခတ်သံ
ကျယ်လောင်နေတဲ့ အသက်ရှူသံ
တဖြည်းဖြည်းတိတ်ဆိတ်ခြင်းဘက်ရောက်ရှိလာကာ
Darling ပြီးမြောက်ခြင်းကိုရောက်ပြီထင်ပါရဲ့။ခါးထက်ဖက်တွယ်လာလေတဲ့ လက်တစ်စုံနှင့်
သူ့ဘေးဝင်လှဲလိုက်သော Darling ကြောင့်
သူကောင်းကောင်းအိပ်စက်ဖို့စိတ်ဆုံးဖြတ်လိုက်မိသည်။
ဒီပုံစံအတိုင်းဆို မနက်ခင်းကိုက်ခဲမှုတွေနဲ့အတူ
ချစ်ရသူကပါဘေးမှာရှိနေမည်။
အချိန်အားဖြင့်ခန့်မှန်းချေ
2:00 Pm နီးပါးရှိနေပြီဖြစ်တာကြောင့်
Darling အပြင်ပြန်ထွက်မည်မဟုတ်တော့။ငါအိပ်လို့ရပြီမဟုတ်လား...
နာကျင်ရရင်တောင် မင်းမျက်နှာလေးကိုကြည့်ပြီးနိုးထရရင်
နာကျဥ်းစရာတေကိုအရူးတစ်ယောက်လို
မေ့ပျောက်နိုင်တာမို့ ငါ့အနားမှာရှိနေပေးပါ။Darling ရင်ခွင်ထဲတိုးဝင်အိပ်စက်ချင်သော်ငြား
နဲနဲလေးလှုပ်ရင်ကိုမျက်ရည်ဝေ့တက်သည်ထိနာကျင်လာသော
ကိုယ်ခန္ဓာကြောင့် ဒီအတိုင်းလေးသာ
အိမ်မက်ကမ္ဘာထဲဝင်ရတော့မည်။
Darling ဖက်ထားတာနဲ့တင်လုံလောက်ပါပြီ။
စောင်ထူထူထဲမှေးခနဲ့ အိပ်ပျော်သွားခိုက်
မြည်တီးလာတဲ့ဖုန်းသံဟာကျယ်လောင်လွန်းစွာ။
အိပ်နေရာမှထသွားသော Darling ဖုန်းပြောသံကို
အသာနားစွန့်နေမိပါရဲ့။"ဂျီမင်...."
"................"
"ဘယ်လို"
"................"
"ငါလာခဲ့မယ်!"
"..............."
"ကျစ်! သူကအရေးမကြီးဘူး...
ဒေစီအနားကသာမင်းတစ်ဖဝါးမှမခွာနဲ့!"ထယ်ယောင်း၏ကျယ်လောင်လွန်းတဲ့အသံကြောင့်
အားယူကာ ခေါင်းအုန်းတို့ကိုမှီရင်းထထိုင်လိုက်မိသည်။
YOU ARE READING
Sour Candy (Complete)
Fiksi Penggemarဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook