*Unicode*
ချစ်ခြင်းရဲ့အသွားအပြန်
မေတ္တာပေး မေတ္တာပြန်ရတယ်ဆိုသော အတုံ့အလှည့်သဘောတရားတွေသည် ဂျွန့်အပေါ်အရောင်ပြန်ဟပ်ပုံမှာ သိပ်လှခဲ့၏။ နာကျင်မှုမျက်ရည်နဲ့ဆုတောင်းသံတွေ နစ်သီးခဲ့လို့ ကံကြမ္မာရေးတဲ့နတ်ဘုရားက ပစ်မထားရက်တော့တဲ့အခါ တောင်းတဖူးတဲ့ အချစ်ချိုချိုကိုလက်ဝယ်ပိုင်ထားနိုင်ပြီ။တချိန်က မီးပုံမှန်းသိသိတိုးဝင်ခဲ့တဲ့ ပိုးဖလံဘဝမှ ကင်မ်ထယ်ယောင်းဆိုတဲ့ အမျိုးသားရဲ့အချစ်တွေအပြည့်အဝလွှမ်းခြုံခံထားရသော လိပ်ပြာငယ်လှလှလေးဘဝသို့ ကူးပြောင်းသွားခြင်းတွေမှာ ဂျွန်သဘောတကျကျ။
ခပ်ဟော့ဟော့နေလည်း Darling ကချစ်တယ်။ခပ်ရိုင်းရိုင်းနေပြန်လည်း Darling ကချစ်ပြန်တယ်။အေးစက်စက်နေပြပြန်တော့လည်း စိုးရိမ်စိတ်ပူစိတ်ကလေးနဲ့အတူ Darling ဟာအချစ်တွေပိုပိုသာသာထုတ်ပြခဲ့တယ်။ခပ်လှလှပုံစံပြောင်းနေထိုင်ရင် သဝန်တိုစိတ်ကလေးနဲ့ အရိပ်လိုတစ်ကောက်ကောက်အလိုက်ခံရပြီး ကူးဟာ Darling အပိုင်ဖြစ်ကြောင်း ကြွားကြွားဝါဝါအချစ်ခံရပြန်တယ်။ ကင်မ်ထယ်ယောင်းအချစ်တွေအောက် ဂျွန်ဂျောင်ဂုဟာကြွကြွရွရွမို့ ကြီးကျယ်တယ်လည်း ထင်ပေါ့..ကြီးကျယ်နိုင်လောက်အောင်လည်း Darling ချစ်ပေးတာကို ဟဟ။
အဲ့နေ့က Darling နဲ့လက်ထက်ချင်ကြောင်း မြောင်တို့ကိုဖွင့်ပြောဖြစ်ခဲ့ကြတယ်။ သဘောမတူဘူး ဆိုသောတစ်ခွန်းကို မင်ညီအစ်ကိုနှစ်ယောက်လုံးထံမှတပြိုင်တည်း ကြားလာရမယ်ဆိုတာ ကြိုသိထားတော့ ဂျွန့်အတွက်မတုန်လှုပ်ခဲ့ပေမဲ့ Darling ကတော့ထပြောရှာတယ်။
"ဘယ်တက်နိုင်မလဲ။ခမ်းခမ်းနားနားတင်တောင်းချင်ပေမဲ့ သဘောမတူတော့ခိုးပြေးရုံပေါ့" တဲ့
နဂိုကတည်းက မတည့်ကြတော့Darlingနဲ့မြောင် ပြသနာထဖြစ်ကြပြန်ပါသေးတယ်။ ဘယ်လောက်အထိ သဘောမတူနိုင်ဘူးဆိုဆို ဂျွန့်ကိုမျက်နှာတစ်ချက်အပျက်မခံအောင် ထားတဲ့ မင်ညီအစ်ကိုက ဂျွန်ဂျောင်ဂုချွဲမှုအောက် ကြာကြာမခံနိုင်တော့ *အင်း* ဆိုခဲ့ကြရတယ်။
ဂျွန်ဂျောင်ဂုကို လိုလိုလားလားပိုင်ဆိုင်ချင်တဲ့ Darling ဟာကျိန်းသေပေါက်ငိုကြွေးခဲ့တာ။ဒီနေ့ ဒီအချိန်ကစလို့ Darling နဲ့ ကူးဇာတ်လမ်းက လူတိုင်းအားကျရတဲ့ couple အဖြစ် အချစ်တွေနဲ့ ပြည့်နက်နေစေရမယ်၊အချစ်ရခံလွန်းတဲ့ မင်းကိုအားကျယူရတဲ့အထိ မင်းမျက်နှာတစ်ချက်မညိုးရအောင် ဒီကောင်ချစ်ပေးပါ့မယ် ဆိုပြီး လက်တွေ့ပြဖို့အချစ်တို့အစပျိုးရာ မွေးရပ်မြေသို့နှစ်ယောက်သား လက်ချင်းချိတ်ကာ ကြည်နူးစရာတွေဖြင့်ရောက်ရှိလို့လာပြီ။
YOU ARE READING
Sour Candy (Complete)
Fanfictionဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook