အပိုင်း ၉

1.2K 81 2
                                    

အပိုင်း ၉

Cafe Dreamမှာ စားသောက်လို့ပြီး ဓာတ်ပုံရိုက်လို့ပြီးသွားတော့ အိမ်ကိုသာပြန်လာခဲ့ကြသည်။
ဒီတစ်ခေါက်တော့သူနဲ့လွန်းနဲ့ကားမတူတော့ပါ အိပ်ကြမဲ့အဖွဲ့တွေကတစ်စီး မအိပ်တဲ့အဖွဲ့ကတစ်စီးသွားကြတာမို့ဖြစ်သည်။ အခုချိန်လွန်းအိပ်နေမဲ့ပုံစံလေးကိုမြင်ယောင်ရင်းအသဲကတယားယား...

"ဟေ့ကောင်..."

"အင်း"

ဘေးကသန့်မြတ်ကစကားပြောမို့စလိုက်တာကြောင့် မှိုင်းကပြောဆိုတဲ့သဘောဖြင့်ခေါင်းငြိတ်ပြလိုက်သည်။

"ဇင်ဇင်မြန်မာကိုပြန်လာမှာမင်းသိလား"

"သိတာပေါ့ ငါပဲပြန်လာခိုင်းလိုက်တာကို"

"ဘာ!!"

သန့်မြတ်ရဲ့အသံကိုနားထောင်ထဲက ဘယ်လောက်ဒေါသထွက်သွားမှန်းသိသာစေသည်။ ဒီကောင်ကညီမချစ်အစ်ကို သူ့ညီမနဲ့ပတ်သတ်ရင် စိတ်ကလက်တစ်ဆစ် ဘယ်တုန်းကမှမြန်မာပြည်ပြန်မလာတဲ့ညီမလေးက အခုမှိုင်းခေါ်လို့ပြန်လာတယ်ဆိုတော့ သူတော်တော်တင်းသွားမှာ...သန့်မြတ်အမြဲပြန်လာဖို့ခေါ်တာတောင်မလာဘူး ချည်း ဘူးခံငြင်းတဲ့ကောင်မလေးဆိုတော့လဲ...

"မင်းနဲ့...ငါ့ညီမနဲ့...တွဲနေတာလား!!"

"အားအားယားယား မင်းညီမကလဲငါ့ညီမပါပဲကွာ နောက်ပြီးမင်းညီမလင်ရမှာစိတ်မပူနဲ့ သူ့ဟာသူတောင်ယောက်ကျားပေးစားလို့မအားဘူး"

သန့်မြတ်ကနှာကို ဟွန်း ခနဲမှုတ်ကာတစ်ဖက်လှည့်သွားသည်။ ဘာပဲဖြစ်ဖြစ်မိုးအိန္ဒြေဇင် ပြန်လာရင်သူလဲပျော်မှာပါ...ဇင်ဇင်ကသန့်မြတ်အရမ်းချစ်ရတဲ့ညီမလေးမဟုတ်လား...။ တစ်ခါတစ်လေဆိုညီမလေး ဇင်ဇင် လို့တောင်မခေါ်ပဲ ကလေး ၊ အသဲ တို့ဘာတို့ခေါ်လို့ မသိတဲ့သူဆိုအတွဲတွေလို့တောင်ထင်သွားနိုင်တယ်။

အမွှာနှစ်ယောက်ဖြစ်ပေမဲ့ နာမည်ချင်းရော အကျင့်စရိုက်ရော မတူတဲ့ဒီအမွှာနှစ်ယောက်က အမွှာရောဟုတ်ရဲ့လားလို့တောင်ထင်ရတယ်...။ အဖေနဲ့အမေကွာရှင်းတော့ အမွှာနှစ်ယောက်ဖြစ်တဲ့သန့်မြတ်နဲ့ဇင်ဇင်ကို မိဘတစ်ယောက်ဆီကခေါ်သွားသည်။ မိဘချင်းသာမခေါ်ကြတာ အဲ့အမွှာနှစ်ယောက်ကတော့တည့်နေတာပဲ အားတိုင်းအလွမ်းသယ်နေကြတာ...

" နွေဦးလေပြေနှင့်အတူ" ( Complete ) Where stories live. Discover now