အပိုင်း ၁၉

810 46 2
                                    

အပိုင်း ၁၉




မနက်နေရောင်ခြည်ဟာလည်းထုံးစံအတိုင်းနွေးထွေးလို့သာနေတယ်...။ မျက်လုံးကိုဖွင့်ပြီးအညာဒေသလေတွေတစ်ဝကြီးရှုရှိုက်လိုက်သည်။ ရင်ဘတ်တစ်နေရာကခပ်နွေးနွေးအထိအတွေ့ကြောင့်ရယ်မို့ ငုံ့ကြည့်လိုက်တော့ ချစ်ရပါသောလွန်းပါလေ...။ အသက်ရှုသံမှန်မှန်ဖြင့်အိပ်ပျော်နေတာကြောင့်မနှိုးတော့ဘဲ အသာအယာထကာမျက်နှာသွားသစ်လိုက်သည်။ ချစ်ရသူနှင့်အတူနိုးထရတဲ့မနက်ခင်းများဟာ ထိုသို့ပင်ကြည်နူးဖွယ်ကောင်းလှသည်။

မျက်နှာသစ်ပြီးသည်နှင့်အခန်းထဲရှိလွန်းကိုပြန်သွားကြည့်ရသေးသည်။ အိပ်ယာထဲမှာ ငုတ်တုပ်လေးထိုင်နေတဲ့သူဟာလေ  သိပ်ချစ်ဖို့ကောင်းပါတယ်။

"ကိုကိုထပြီပေါ့"

"အင်း..."

အရင်လိုလွန်းဟုမသုံးတော့တာကို လွန်းသဘောကျရပါသည်။ ကိုကို ဟုခေါ်လိုက်တိုင်းနွေးထွေးသွားတတ်တဲ့နှလုံးသားလေးကိုလည်း ရင့်ကျက်စေဖို့သင်တန်းပို့ချရအုံးမည်။ ပတ်ဝန်းကျင်ဆိုတဲ့အမျိုးကို နားမလည်ရအောင်လွန်းဟာကလေးလဲမဟုတ်တော့ပါ။ သာရင်ပေါင်းပြီး ညာစား တတ်ပြီး ကွယ်ရာမှာ အတင်းတုတ်...။

လောကဓံရဲ့ရိုက်ခတ်မှုတွေကိုမခံနိုင်တဲ့ငါ့အပေါ် မင်းကပဲကာကွယ်ပေးပါ မောင်...။

"မှိုင်း....မှိုင်း....ဒီမနက်ကန်ဘောင်ရိုးပေါ်လမ်းလျှောက်ထွက်ရအောင်"

နောက်ကနေရုတ်တရက်ပေါ်လာပြီး ပြောတဲ့လွင်ပြင်ကြောင့် ငေးနေတာတောင်ကြက်ပျောက် ငှက်ပျောက်....။

"ကောင်းသားပဲ...မင်းမဆိုးဘူးတော်တယ်...ဒီရွာမှာ ကန်ဘောင်ရိုးကအလှဆုံးဘဲ"

လွန်းကပါပြောနေတာကြောင့် မှိုင်းလဲခပ်အီအီနဲ့သာလက်ခံလိုက်ရသည်။ လွန်းမျက်မှာသစ်ပြီးတော့ ထမင်းတောင်မစားနိုင်ဘဲ ကန်ဘောင်ရိုးပေါ်တန်းထွက်ခဲ့ကြသည်။ အိမ်ကနေ ကန်ဘောင်ရိုးသွားရသည်မှာ အချိန်အားဖြင့် ဆယ့်ငါးမိနစ်သာကြာသည်။

လွန်းပြောသလိုပင်...ကန်ဘောင်ရိုးကြီးမှာအတော်လှသည်။ အပေါ်စီးကနေမြင်ရသည်မို့ ကန်ဘောင်ရိုးတစ်ဖက်ရှိ မန်ကျည်းကုန်း ၊ တောင်သပြေ ၊ ရွာမကြီး ဆိုသောရွာသုံးရွာကိုပါမြင်ရသေးသည်။ ထို့နောက်တောင်ဖက်တွင်လည်း တစ်နေ့ကနွားကျောင်းထွက်ခဲ့သော တောဘေးလဲရှိသေးသည်။ ကန်ထဲတွင်တော့အပင်များစွာရှိပြီး ကန်လယ်တွင် ဆူးပင်များကပေါက်ရောက်နေသည်။ ကန်ထဲတွင်ပေါက်သောဆူးပင်ကိုမှိုင်းမမြင်ဖူးချေ...။ မနက်ခင်းနေထွက်စမို့ နေရောင်ဖျော့ဖျော့လေးသာရသည်။

" နွေဦးလေပြေနှင့်အတူ" ( Complete ) Where stories live. Discover now