အပိုင်း ၁၈

782 50 0
                                    

အပိုင်း ၁၈

"အရှု ဆိုတာဘားလဲ"

"ဟမ်...ဘယ်ဟာလဲ"

"This..."

Rayကစာအုပ်ကိုအက္ခဘက်ထိုးပြတော့ အက္ခ Rayပြောတဲ့စကားလုံးကိုသေချာလိုက်ရှာလိုက်ရသည်။

"Aww...အဲ့ဒါက...အရူး...အရူးလို့အသံထွက်ရတယ်...You know......?"

"Psycho...အရု"

"အင်း အင်း Right"

"Ask your mother to teach you Burmese"
(မင်းအမေကိုမြန်မာစာသင်ခိုင်းလေ"

"Ahh.....Omm..."

စိတ်မရှည်သလိုအသံနဲ့ပြောလာပေမယ့် အက္ခကတော့ မြန်မာစာကိုဘယ်တော့မှအသံမပီတဲ့Rayကိုမသင်ပေးချင်တာမို့ အပျော်တွေကစကားလုံးနဲ့တောင်ဖော်မပြတတ်...။

"Yeah!"

" happyနေလိုခ် သေသူတောင်းစာ"

Rayရဲ့နားထောင်ရခက်တဲ့ မပီသတဲ့မြန်မာဆဲသံလေးကြားပေမယ့် အက္ခကတော့ပျော်လို့သာနေသည်။ နောက်ဆုံးတော့ သူ ဒီကောင်ကိုမြန်မာစာသင်ပေးရတဲ့ဒုက္ခကလွတ်မြောက်ပီပေါ့...။

...................နွေဦးလေပြေနှင့်အတူ.................

"မှိုင်းညို့...ဟိုနားကဆားဗူးလေးယူပေးပါအုံး"

"ဗူးပြာလေးနဲ့လားအကို"

"ဟုတ်တယ် နောက်ပြီး အချိုမှုန့်ဗူးလေးရော"

"ဟုတ်ဟုတ်...ရစေရမယ် အကိုနှောင်း"

နှစ်ဆန်းတစ်ရက်ညနေ၌ လက်ဖက်သုပ်စားရန် ဖွားကျင်မေအိမ်တွင်ပြင်ဆင်နေကြခြင်း...။ ဒိုင်ခံလုပ်သူကတော့ အကိုနှောင်းမြေ့ယံ သန့်မြတ်ကတော့အကိုနှောင်းဘေးနားမှာ ရစ်သီရစ်သီလုပ်ကောင်းနေဆဲ...။

"အေး ငါခေါက်ထည့်လိုက်ရ...လုပ်တော့မကူဘူး ဘေးမှာရစ်သီရစ်သီနဲ့ မျက်စိကိုနောက်တယ်...မင်းဘာဖြစ်နေတာလဲ"

"အကိုကလဲဗျာ အကို့နားကပ်ချင်လို့ဟာကို"

"အေး ငါဇွန်းနဲ့ခေါက်ထည့်လိုက်ရ အသံကိုက မယားငယ်သံနဲ့"

"အကိုကလဲ..."

"အကိုကမလဲဘူး သန့်မြတ်...မင်းသာအဲ့လိုပြောနေရင်း မြေကြီးပေါ်လဲတော့မှာ"

" နွေဦးလေပြေနှင့်အတူ" ( Complete ) Where stories live. Discover now