အပိုင်း ၂၃
ဆေးတက္ကသိုလ်ကိုယခုချက်ခြင်းမန္တလေးပင်ပြောင်းချင်လာသည်။ သူအချစ်နဲ့မတွေ့ရတာ တစ်ရက်တောင်ပြည့်သွားပြီ...။ နေနိုင်လိုက်တာအချစ်ရယ်...။ ဖုန်းတစ်ခါမဆက်ပါပဲ...။ လွင်ပြင်
ဆိုတဲ့သေနာကောင်ကတော့ စီနီယာမမတွေနဲ့ အကိုနှောင်းကပါညီလေးတို့အတွက်ဆိုပြီးခုနမှတင်ထမင်းချိုင့်လာပို့ထားတော့ဒူးလေးတစ်နှံ့နှံ့...။12ထိုးဖို့အနည်းငယ်လိုသေးသည်မို့ ဖုန်းလေးကိုင်ပြီးစိတ်ရှည်လက်ရှည်စောင့်နေလိုက်သည်။ ဆေးတက္ကသိုလ်မှာ ရင်ခေါင်းနှင့်နှလုံး ခွဲစိတ်တဲ့ဖက်ကိုယူထားတာမို့အလုပ်ကအသေများ...။
စီနီယာအမကြီးတွေကလည်း ရောက်ထဲကဆက်တိုက်ဆိုသလို မုန့်တွေပို့နေတာလည်းမနား...။ အခန်းထဲလည်းမုန့်တွေပြည့်နေပြီ...။
ဗိုက်ကဆာနေပြီဖြစ်တာကြောင့် ခုနကသွားဝယ်ထားတဲ့ပေါင်မုန့်တစ်ထုပ်ကိုဖောက်လိုက်သည်။ စီနီယာအမတွေပေးတဲ့မုန့်စားရင်အချစ်စိတ်ဆိုးမှာပေါ့...။
* I just really love you...
You're the only reason why...
I really love you...
When I see you smile
I just can't get enough...
And I can't live without you...
Baby I just really love you...*ငြိမ့်ငြိမ့်လေးပေါ်ထွက်လာတဲ့ Personal Ringtone လေးကြောင့်ပြုံးမိသေးသည်။ ချထားတဲ့ဖုန်းကိုကောက်ယူပြီး ဖုန်းကိုင်လိုက်သည်။ တစ်ဖက်မှအသံချိုချိုလေးကြောင့်လဲထပ်ပြုံးမိပြန်ပါသေးသည်။
"အချစ်ရယ်...ခုမှဖုန်းဆက်ရတယ်လို့မောင်ကလွမ်းနေတာကြာပြီ"
"သောက်ပိုတွေမပြောနဲ့...ငါလဲခုမှအားလို့ခုမှဆက်တာ"
"အဲ့အပိုတွေကလည်းအချစ်ကြောင့်ပဲဖြစ်လာရတာလေ..."
"စကားတတ်တိုင်းလျောက်လျောက်မပြောနဲ့"
"မောင်ကလဲလျှောက်လျှာက်မပြောချင်ပါဘူး...အချစ်ရင်ခွင်ထဲဝင်ပြီးပဲပြောချင်တာ"
"အဲ့စကားတွေဘယ်သူ့ဆီကသင်ထားတာလဲဟမ်..."
"ဘယ်သူ့ဆီကမှမသင်ပါဘူးအချစ်ရယ်...မောင့်ရင်တွင်းကဖြစ်ပေါ်လာတာပါ..."
"တော်ပြီတော်ပြီ...မင်းနဲ့ဆက်ပြောရင်ငါအသက်ထွက်လိမ့်မယ်..."
KAMU SEDANG MEMBACA
" နွေဦးလေပြေနှင့်အတူ" ( Complete )
RomansaUni ± Zawgyi နွေဦးလေပြေနဲ့အတူကျွန်တော့်အချစ်များတစ်ယောက်သောသူဆီပါသွားသည်... ေႏွဦးလေပြေနဲ႕အတူၾကႇန်ေတာ့်အချစ်ျမားတဈေယာက်ေသာသူဆီပါသွားသည်... Start - May 12 . 2022 End - August. 5.2022