အပိုင်း ၂၈

776 42 6
                                    

အပိုင်း ၂၈






"ချစ်တယ်...မောင်..."

ဖုန်းထဲကတိုးလျတဲ့ခေါ်သံလေးကိုကြားတော့ ကြည်နူးရိပ်တို့ကထိန်းမနိုင်...။ လွမ်းရတဲ့ရက်တွေလဲရှည်နေပြီအချစ်ရယ်...ဆိုပြီးပြေးဖက်ချင်လိုက်တာ...။

"အော်...ဒါနဲ့ပြောစရာရှိလို့ပါဆို"

"ပြောစေဗျာ..."

"ကိုကိုဒီးလေ စကားပြန်ပြောနိုင်ပြီသိလား...ကလောကိုတောင်လာတော့မှာ...ကိုကိုဒီးအသံကလေ လုံးဝ BTS ထဲက Jiminလိုပဲ အသံလေးကချိုမြနေရောပဲ"

"ဟုတ်လား"

"ဟုတ်တယ်"

"အကိုဒီးကလောကိုလာမယ်ဆို ကိုယ်တို့တော့ ပြဇာတ်တစ်ခုကြည့်ရတော့မှာပဲ"

မှိုင်းရဲ့စကားကြောင့်လွန်းကနားမလည်စွာမေးသည်။

"ဟမ်...ဘာပြဇာတ်..."

"ဪ....အာ....honeyအချစ်ကိုရယူခြင်းဆိုတဲ့ပြဇာတ်လေ"

"ငါထုလိုက်ရ...ငါ့အကိုကခုမှကလောကိုလာမှာ ရောက်တောင်မရောက်သေးဘူး လင်ပေးစားချင်နေကြပြီ"

လွန်းကဆူသလိုလိုပြောလာတော့ မှိုင်းကလဲမြင်ရခဲတဲ့ကလေးပုံစံဖြင့်...

"အချစ်ကလဲ...မောင်တို့ကစေတနာနဲ့အကိုဒီးကိုလင်ရအောင်ကူညီပေးတာကို စေတနာကိုကြွက်ချေးနဲ့မနယ်ပါနဲ့"

"ငါမနိုင်တော့လဲ...သဘောဟေ့...ပြဿနာငါ့ခေါင်းပေါ်ကျလို့ကတော့ မောင်တွေဘာတွေလုပ်မရဘူး တကယ်ထုမှာ"

"မောင့်အချစ်ကထုမှာဆိုတော့လဲမောင်ကကျေကျေနပ်နပ်ကြီးခံပေးရတာပေါ့"

"ငါ့ကိုလာစနေ...ဒါပဲ...ဒယ်ဒီခေါ်နေလို့"

"Good night ပါမောင့်သည်းရှင်"

ဖုန်းကိုစာကြည့်စားပွဲပေါ်ပြန်တင်ပြီးသည်နှင့် စာဆက်မကြည့်တော့ဘဲအိပ်ယာသာဝင်ခဲ့သည်။

တူညီစွာနိုးထလာတဲ့မနက်ခင်းကလဲ အရင်နေ့တွေလိုပဲနှစ်သက်ဖွယ်ကောင်းဆဲ...။ ဘေးကုတင်ကလွင်ပြင်ကိုရိုက်နိုးရန်ပြင်တော့ ကုတင်ကသပ်ရပ်စွာရှိနေသည်။

ညကအစောကြီးအိပ်ပြီး အစောကြီးထသွားတယ်...ကောင်းချီးလွင်ပြင်ကလေ...အိပ်နေရင်ဆင်တက်နှိုးတောင် အင်းအဲ ပဲလုပ်တဲ့ကောင်ကလေ...7:00မထိုးမချင်းမထတဲ့ကောင်ကလေ...5:30ကြီးကိုထတယ်...။

" နွေဦးလေပြေနှင့်အတူ" ( Complete ) Donde viven las historias. Descúbrelo ahora