အပိုင်း ၆
မှိုင်းတို့Viwe Pointနားမှာ နာရီဝက်လောက်ဓာတ်ပုံရိုက် အလှအပကြည့်ပြီးတော့ ကလောပြန်ဖို့လုပ်လိုက်သည်။
* They don't know about the...think we do...
They don't know about the i love you...*မှိုင်းဖုန်းကနေမြည်လာနဲ့ Ringtoneသံလေးကြောင့်ဖုန်းကိုင်လိုက်သည်။
"Hello"
"Hello မှိုင်းမင်းနဲ့သန့်မြတ်ဟဲဟိုးဆေးရုံကိုလာခဲ့လို့ရမလား"
"အင်းရပါတယ် မင်းဘာဖြစ်လို့လဲ"
"ငါဒီရောက်မှရှင်းပြမယ်"
"အင်း အာ့ဆိုငါတို့အခုထွက်လာပြီနော်"
"အင်း"
မှိုင်းဖုန်းပြောလို့ပြီးသွားတော့သန့်မြတ်ကဘယ်သူလဲဆိုတဲ့ပုံစံဖြင့်မေးဆတ်ပြသည်။
"လွင်ပြင်ဆက်တာ ဟဲဟိုးဆေးရုံကိုလာခဲ့ပေးပါတဲ့"
"ဟမ် လွင်ပြင်ကဘယ်လိုလုပ်အဲ့ဆေးရုံရောက်နေတာလဲ သူတစ်ခုခုဖြစ်နေတာလား သွားကြမယ်လေ ဘာလုပ်နေတာလဲ"
မှိုင်းဘာမှပြန်မဖြေဖြစ်ပဲ ကားစက်နှိုးလိုက်သည်။ လွန်းနဲ့နှောင်းကတော့ငြိမ်ပြီးလိုက်လာပါတယ် လမ်းမှာဘာမေးခွန်းမှလည်းမမေး...
20မိနစ်လောက်ကားမောင်းပြီးတော့ဟဲဟိုးဆေးရုံကိုရောက်သည်။ ကားရပ်လို့ရမဲ့နေရာလောက်မှာကားရပ်ခဲ့ပြီး လူနာဆောင်အတွင်းသွားကာလွင်ပြင်ကိုလိုက်ရှာသည်။ လွင်ပြင်ကိုတွေ့တော့...
ကြည့်ရတာလွင်ပြင်ကဆေးရုံတတ်ရတာမဟုတ်ဘဲ ဆေးရုံစောင့်နေရတာထင်သည်။"လွင်ပြင်"
"ဟမ် အေး ရောက်လာပြီလား မြန်လိုက်တာ"
"ကိုကို..."
ကုတင်ပေါ်မှာလှဲနေတဲ့ကလေးလေးဆီမှအသံသေးသေးလေးထွက်လာသည်။ အသားကလွင်ပြင်လောက်မဖြူပေမဲ့ ညိုလဲသိပ်မညို ဘယ်လိုပြောရမလဲ အဖြူနဲ့အညိုနဲ့စပ်ထားသလိုလေး မျက်နှာကအနဲငယ်ချွန်ပြီး နှာတံကလဲဖျောင့်နေတာပဲ...မျက်လုံးတွေကမဟူရာရောင်သမ်းနေပြီး နှုတ်ခမ်းသားတွေကလဲအပန်းဖျော့ရောင်လေး မှိုင်းကြည့်လို့ပြီးဆုံးတော့ မှတ်ချက်ချမိသည်က...ဒီကလေးကြီးလာရင်အသေချောမှာ
ပဲဟုဖြစ်သည်။
ESTÁS LEYENDO
" နွေဦးလေပြေနှင့်အတူ" ( Complete )
RomanceUni ± Zawgyi နွေဦးလေပြေနဲ့အတူကျွန်တော့်အချစ်များတစ်ယောက်သောသူဆီပါသွားသည်... ေႏွဦးလေပြေနဲ႕အတူၾကႇန်ေတာ့်အချစ်ျမားတဈေယာက်ေသာသူဆီပါသွားသည်... Start - May 12 . 2022 End - August. 5.2022