အပိုင်း ၂၂

693 40 2
                                    

အပိုင်း ၂၂






မောင့်ရင်ခွင်နွေးနွေးဆီခိုလှုံလိုက်တော့ ကြည်နူးရိပ်တို့ကအလှိုက်လှိုက်...။ စချစ်မိတယ်လို့ငါ့ကိုယ်ငါထင်တဲ့အချိန်က တကယ်တမ်းတော့
ငါ့ဘဝရဲ့အရာရာဟာမောင်ဖြစ်နေခဲ့ပြီ...။ ဒါလေးကိုကိုယ်တိုင်မသိခဲ့ရုံပါ...။

မျက်လုံးတို့ကိုမှိတ်ထားလျက်မောင်ရဲ့လေတောင်မဝင်နိုင်တော့လောက်အောင်ဖက်တွယ်ထားတဲ့ရင်ခွင်ထဲကနေတောင် တစ်စတစ်စသာရသောလေလေးကိုအပြင်းအထန်ရှုရသည်။ မောင့်ကိုဘယ်လောက်ချစ်လဲဆိုတာဖော်မပြတတ်ပေမယ့် အချစ်ဆိုတဲ့အရာသာ ထိတွေ့လို့ရခဲ့ရင်မျက်စိနဲ့မြင်နိုင်ခဲ့ရင်...ငါ့အချစ်တွေမောင်မြင်ရမှာပါ။

ထို့နောက်အခြားနေရာကိုငေးနေတဲ့မောင့်မျက်နှာလေးကိုမော့ကြည့်လိုက်ပြီး တင်းတင်းစေ့ထားသော နီညိုရောင်နှုတ်ခမ်းပါးတစ်စုံကိုခပ်ဖွဖွထိလိုက်သည်။ မောင်ကရုတ်တရက်မို့အံ့သွားဟန်...

မျက်လုံးမှိတ်ထားလျက်နဲ့တောင် မောင့်နှုတ်ခမ်းထက်မှာအပြုံးလေးတစ်ခုပေါ်ထွက်လာတာကိုခံစားမိပါသည်။ ချစ်လိုက်ရတာမောင်ရာ...။ လေအဝှေ့တစ်ချက်မှ တရုတ်စကားပန်းပွင့်လေးတို့ကလဲမြေပေါ်ခကြရသည်။ ထိုအပင်အောက်ရှိလူသားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်တင်းကျပ်စွာဖက်တွယ်ထားလျက်ရှိသည်။

ကြည်နူးနေသောကောင်လေးနှစ်ယောက်သည် ဝရံတာပေါ်မှ အသက်ခပ်လတ်လတ်အရွယ်လူတစ်ယောက်ကိုတော့မမြင်ခဲ့ကြပါ...။

"ငါ့သားနှစ်ယောက်ကတော့ ငါ့ကိုသမက်တွေချည်းယူပေးတော့မယ်ထင်တယ်"

ထိုစကားကိုပြောကာ ဝရံတာမှလှည့်ထွက်သွားသူကိုလည်းသူတို့မမြင်လိုက်...။






လရောင်ကဖြာဖြာ...ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ သာနေတဲ့လမင်း...ကြည်နေတဲ့ကောင်းကင်...တောက်ပနေတဲ့ကြယ်...တစ်စတစ်စသာရှိတဲ့တိမ်ရေးရေးလေးတွေ...။ လေတစ်ချက်အဝှေ့မှာပါလာတဲ့ဆိတ်ဖလူးပန်းနံ့လေး...။ ကောင်းကင်ပေါ်ရှိထိန်ထိန်သာနေတဲ့လမင်းကြီးကိုတစ်ချက်ကြည့်မိတော့...အတွေးထဲရောက်လာသည်က...

" နွေဦးလေပြေနှင့်အတူ" ( Complete ) حيث تعيش القصص. اكتشف الآن