အပိုင်း ၁၄

970 66 0
                                    

အပိုင်း ၁၄

တစ်ဖက်မှာလည်းအညိုရောင်shirtလေးဝတ်လိုက်ရလို့ဝမ်းသာနေသူလည်းရှိသလို တစ်ဖက်ကကောင်လေးမှာလည်း အညိုရောင်shirtလေးပေးလိုက်ရလို့ပျော်နေသူရှိသည်။ အညိုရောင်shirtလေးနှင့်ပိတောက်ပန်းအဝါလေးသည် ကောင်လေးနှစ်ယောက်ရဲ့ ပထမဆုံးရင်ခုန်သံအတွက်ဖြစ်ခဲ့တဲ့လက်ဆောင်လေးတွေဆိုတာ ပိုင်ရှင်တွေကိုယ်တိုင်တောင်သိရဲ့လား...။

"ရောက်ပြီထင်တယ်"

မှိုင်းတို့ရောက်တဲ့ဘုန်းကြီးကျောင်းက ဟဲဟိုးလေဆိပ်အရှေ့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းပင်...။

ကားပေါ်ကဆင်းဆင်းချင်းကလောမြို့နဲ့မတူပဲ နေပူနေပေမယ့် လတ်ဆတ်တဲ့လေစိမ်းတွေကတိုက်နေတာကြောင့်လွန်းလေတွေကိုတစ်ဝကြီးရှုသွင်းလိုက်သည်။ ကလောမြို့နဲ့တူတဲ့အပူချိန်လိုပေမယ့် ဒီနေရာလေးကပိုပူသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ထမင်းစားဆောင် ၊ ကျောင်းကြီး ၊ စာသင်နေရာ ၊ အနောက်ဖက်မှာဦးဇင်းတွေနေတဲ့နေရာနဲ့တူတဲ့အဆောင်တစ်ခုရှိသေးသည်။ စာသင်ဆောင်ရှေ့မှာအုန်းလက်ပင်လေးနှစ်ပင်ရှိသည်။ ဘေးမှာတော့အရိပ်ကောင်းကောင်းရတဲ့အပင်ကြီးတွေရှိသလို အောက်ဘက်မှာထိုင်ခုံလေးပါရှိတော့အဆင်ပြေသည်။ ပန်းပင်နှင့်သီးပင်လေးတွေများများစားစားရှိတာကြောင့် အရိပ်လဲရသလို မွှေးလဲမွှေးသည်။ သရက်ပင်တွေမှာပွင့်နေတဲ့သရက်ပွင့်လေးတွေကလည်း သရက်ပင်အရိပ်အောက်ထဲဝင်တာနဲ့စိတ်လန်းဆန်းစေတဲ့အနံ့လေးရသည်။

ကျောင်းမုဒ်ဝကနေဝင်ဝင်ချင်းမှာ မာလာကွတ်ပင်လေးကလဲရှိသေးသည်။ အရမ်းမကြီးပေမယ့် အရိပ်တော့ရသည်။ အပင်ပေါ်ကနေစာကလေးတွေရဲ့ ကျလိ ကျလိ အသံလေးတွေကလဲနားထောင်ကောင်းသည်။ ခေါင်းပေါ်ကဖြတ်ပျံသွားတယ်လို့ထင်ရလောက်အောင်နီးကပ်တဲ့လေယာဥ်သံအကျယ်ကြီးကြားမှာ ငှက်သံလေးတွေပျောက်သွားရသည်။ လွန်းဘဝမှာပထမဆုံးလေယာဥ်ပျံတာကိုမနီးမဝေးကနေမြင်ဖူးခြင်းဖြစ်သည်။ တစ်ဖက်မှာရှိတဲ့လယ်ကွင်းထဲကနေကြည့်ရင် လေယာဥ်က ကိုယ့်ခေါင်းပေါ်ကနေဖြတ်သွားတယ်လို့တောင်ထင်ရတဲ့အထိဖြစ်စေမှာ။

" နွေဦးလေပြေနှင့်အတူ" ( Complete ) Où les histoires vivent. Découvrez maintenant