အပိုင်း ၂၀
ကလောမြို့ရဲ့ညနေနေဝင်ဆည်းဆာအလှကို Chocolate ပူပူတစ်ခွက်နှင့်အတူအရသာခံလိုက်သည်။ သူမအသဲကွဲနေပေမယ့်...မျက်ရည်တို့မကျဆင်းမိ...။ မှိုင်းဟာသူမထက်ပိုကောင်းတဲ့မိန်းကလေးတစ်ယောက်နဲ့ထိုက်တန်ပါတယ်လေ...။ အရာရာမှရယူလိုစိတ်ရှိရင် သူမအမြဲရှုံးနေမှာပေါ့။ Spainမှာပြောခဲ့တဲ့ dadစကားတွေပြန်ကြားယောင်မိတော့ သက်ပြင်းရှည်ရှည်လေးချမိသည်။
' သမီးကသူ့ကိုရွေးချယ်ခဲ့ပေမယ့် သူကတစ်ခြားသူကိုရွေးချယ်သွားလို့ သမီးကအတင်းလုယူမယ်ဆိုသမီးရှုံးတယ်...လက်လွတ်လိုက်နိုင်ရင်သမီးနိုင်တယ်...' တဲ့
Dadဘာအဓိပ္ပါယ်ကိုဆိုလိုချင်မှန်း မြန်းသိပါသည်။ သူလဲအနဲနဲ့အများရင့်ကျက်လာပြီလေ...။ အင်း...အခုကစပြီးနင်နဲ့ငါက သူစိမ်းဆိုတဲ့စည်းထဲမှာပါပဲမှိုင်း...။
ကိုယ့်ကိုမလိုအပ်တဲ့လူတစ်ယောက်အပေါ် စည်းတစ်ကြောင်းတားလိုက်တာကလဲ အနာကျက်မြန်ဖို့လမ်းအစပါပဲ။
ရေစက်ဆုံရင်ပြန်တွေ့အုံးမှာပါ။
*Ring...Ring...Ring*
" ဟဲလို..."
" ဟဲလိုဘယ်သူလဲမသိဘူးရှင့် "
"အမလေး...ကတ်သရီပါ...မေ့နေပြီလား"
"မမေ့ပါဘူးကတ်သရီရာ...အသဲနဲနဲကွဲနေလို့ပါ"
"What!...ငါတို့ရဲ့အလှဘုရင်မလေးကို ထားသွားရဲသူရှိ?"
"အချစ်ဆိုတာက ရုပ်ချောမှ လှမှမဟုတ်ပါဘူးကတ်သရီရာ...ကိုယ့်မျက်လုံးထဲမှာသူ့တစ်ယောက်ထဲပဲမြင်ပြီး သူ့ကိုပဲချစ်ချင်တာ သူ့ကိုပဲကြင်နာချင်တာ သူအပြုံးကအမောပြေရေတစ်ခွက်လိုဖြစ်နေတာ...အဲ့တာကိုမှအချစ်လို့ခေါ်တာပါ"
"ငါ့အသဲလေးတောင်အချစ်အကြောင်းနားလည်နေပီပဲ...အဟင့်"
တစ်ဖက်ကကောင်မလေးကငိုသံနှင့်ပြောလာတော့...မြန်းလဲစိတ်မကောင်း...။ဘေးနားမှာရှိတဲ့သူတွေကိုပါစိတ်ပူစေမိပြီ...။
"ဒါနဲ့ဘာလို့ဖုန်းခေါ်တာ..."
"အေးဟ မေ့နေတာအဟဲ...ငါအလုပ်ကိစ္စအပြတ်ဖြတ်ပြီး နှစ်လလောက်မြန်မာပြည်ပြန်လာမို့"
YOU ARE READING
" နွေဦးလေပြေနှင့်အတူ" ( Complete )
RomanceUni ± Zawgyi နွေဦးလေပြေနဲ့အတူကျွန်တော့်အချစ်များတစ်ယောက်သောသူဆီပါသွားသည်... ေႏွဦးလေပြေနဲ႕အတူၾကႇန်ေတာ့်အချစ်ျမားတဈေယာက်ေသာသူဆီပါသွားသည်... Start - May 12 . 2022 End - August. 5.2022