အပိုင်း ၁ ( uni ± zawgiy)

5.4K 201 28
                                    

" အပိုင်း ၁ "

နေ့လည်နေပူပူမှာ ပတ်ပြေးကာ စာရွက်တွေကိုဟိုတစ်ရွက်ဒီတစ်ရွက်စုတ်ဖြဲနေတဲ့ကောင်လေးနှစ်ယောက်...

"ဟေ့ကောင်တွေ သိပ်ပျော်မနေနဲ့ ခုမှ ၉ တန်းစာမေးပွဲပြီးရုံရှိသေးတယ် ဆယ်တန်းစာမေးပွဲပြီးရင်ဘယ်လိုတောင်နေမလဲမသိဘူးဒီနှစ်ကောင်"

မှိုင်းညို့မောင်ကဟောက်လိုက်တော့ သန့်မြတ်နဲ့လွင်ပြင်ကမှိုင်းညို့မောင်ကိုကြည့်ပြီးရုပ်တည်ကြီးတွေနဲ့ပြန်ပြောကြသည်။

"ခုမှ ကိုးတန်းစာမေးပွဲပြီးလို့ပျော်ရုံရှိသေးတယ် မှိုင်းရာ..."

"အေးလေ မင်းပြောမှပဲမလာသေးတဲ့ဆယ်တန်းအနာဂတ်ကိုတွေးပြီးပူပန်ရမလိုလိုနဲ့"

သန့်မြတ်နဲ့လွင်ပြင်ကပြောတော့ မှိုင်းကငါမပြောတော့ဘူးဆိုတဲ့ပုံစံနဲ့ခေါင်းငြိမ့်ပြလိုက်သည်။
မှိုင်းထပ်မပြောချင်တော့ပါ ဟိုနှစ်ကောင်နဲ့ဆက်ပြောရင်သူပဲရှုံးမှာ အဲ့တော့ဆက်မငြင်းတော့ပဲမှိုင်း အနောက်ကပဲအေးဆေးလိုက်လာတော့သည်။ ဟိုနှစ်ကောင်လား အဲ့နှစ်ကောင်ကတော့ မျောက်ကကပြီးသွားနေသလားအောင့်မေ့ရတယ် မှိုင်းသူတို့နှစ်ယောက်ကိုကြည့်ပြီးခေါင်းတောင်ကိုက်ချင်လာသလိုလိုရယ်...

"အော် ဒါနဲ့မှိုင်းမင်းအိမ်မနက်ဖြန်ငါတို့လာခဲ့မယ် ကိုးတန်းအောင်ပြီးဆယ်တန်းတတ်မှာကိုကြိုတင်ဂုဏ်ပြုတဲ့အနေနဲ့"

သန့်မြတ်ကပြောတော့ လွင်ပြင်ကပါထောက်ခံသည့်အနေဖြင့်...

"ဟုတ် ဟုတ်တယ်ကွ ငါလဲအန်တီ့လက်ရာမစားရတာကြာပြီ"

မှိုင်းထိုငတ်ကြီးကျနေတဲ့နှစ်ကောင်ကိုကြည့်လိုက်ပြီး ခေါင်းရမ်းမိသည်။ စာမေးပွဲကဒီနေ့မှဖြေပြီးတယ် မနက်ဖြန်အောင်စာရင်းကထွက်စေချင်နေပြီ မှိုင်းသိတာပေါ့ ဒီကောင်တွေကအကြောင်းမရှိအကြောင်းရှာပြီးမှိုင်းအိမ်မှာလာလာစားနေကြ ဒီတော့မှိုင်းလဲတစ်ခွန်းပဲပြန်ပြောခဲ့သည်...

"မ လာ နဲ့"

ပြောပြီးတာနဲ့မှိုင်းခြေလှမ်းကိုအရှိန်တင်ပြီးခပ်မြန်မြန်လေးလျှောက်လာလိုက်သည်။ နို့မို့သာဆိုသန့်မြတ်နဲ့လွင်ပြင်ရဲ့ "ဟာမင်းကလည်းကပ်စေးနဲလိုက်တာ" ဆိုသည့်စကားကြီးကိုကြားရအုံးမည်မဟုတ်လား...

" နွေဦးလေပြေနှင့်အတူ" ( Complete ) Opowieści tętniące życiem. Odkryj je teraz