အပိုင်း ၂၉

814 39 2
                                    

အပိုင်း ၂၉









ရေချိုးပြီးသွားတော့ ကုတင်မှာအသင့်ချထားတဲ့ မီးခိုးရောင်မြန်မာဝတ်စုံလေးကိုဝတ်လိုက်သည်။
အသားဖြူသူမို့မီးခိုးရောင်ပုဆိုးနဲ့Shirtလေးက လိုက်ဖက်စွာနေရာယူလျက်...။

စားပွဲပေါ်တင်ထားခဲ့တဲ့နာရီကိုကောက်ယူလိုက်ပြီး အကို့ဆီအမြန်ပြေးရသည်။ အကိုကအမြဲအပိုအလိုပြောတတ်သည် ' မင်း 7:00အရောက်လာ ' လို့ပြောရင်သေချာတယ် အဲ့တာ 6:00လာခိုင်းတာပဲ...။

ရည်းစားသက်တမ်း 6နှစ်နီးပါးမှာ သူဒါတွေကျမ်းကျေနေပြီ...။ အမေကသွားရလာရပိုအဆင်ပြေအောင်ဟုဆိုကာ လိုင်စင်ရကားလေးတစ်စီးပါဝယ်ပေးထားသည်မို့ထိုကားနဲ့ပဲအကို့ဆီသွားလိုက်သည်။

အကိုတည်းနေတဲ့hotelရှေ့ရောက်တော့ အပြာနုရောင်မြန်မာဝတ်စုံလေးကိုဝတ်ထားတဲ့အကို့ကိုတွေ့ရသည်။

"အယ်...အစောကြီးရောက်လာတာပဲ"

အကိုကနာရီကိုကြည့်ကာ ပြုံးစိစိလေးပြောတော့ သန့်မြတ်ကခပ်ဟဟရီကာ...

"အကို့အကြောင်းသိလို့လေ"

"ဟမ့်...ဘာအကြောင်းလဲ...ငါက7နှစ်နာရီမှလာခိုင်းတာနော်"

အကိုကသူအပြစ်မရှိဘူးဆိုတဲ့ပုံစံလေးနဲ့ပြောလာတော့ သန့်မြတ်ရီချင်စိတ်ကိုထိန်းပြီး အကို့ကိုကားပေါ်သာတတ်ခိုင်းလိုက်သည်။

ထို့နောက်တောင်ကြီးမြို့တွင်းရှိဘုရားဆီသို့ဦးတည်လိုက်သည်။

( AN = မိုင်းလည်းတောင်ကြီးဘုရားတွေမရောက်ဖူးတာမို့ မရေးတော့ပါဘူးနော်)

ဘုရားမှာ ပန်းလှူပြီးတာနှင့်ဘုရားအောက်ရှိ စျေးဆိုင်ငယ်လေးများတွင်အကိုကမုန့်စားချင်သည်ဆိုသောကြောင့်လိုက်ပို့ရသည်။

အကိုကမုန့်ဟင်းခါးစားချင်တယ် ဆိုသောကြောင့်မြောင်းမြမုန့်ဟင်းခါး ဆိုင်တစ်ဆိုင်ကိုလိုက်ပို့ပေးလိုက်သည်။ အကိုတစ်ပွဲသူတစ်ပွဲမှာပြီးစားကြတော့ အရသာက...အင်း...တော်တော်လေးမိုက်တယ်။

စားနေရင်း အကို့ကိုကြည့်လိုက်တော့ မုန့်ဟင်းခါးပန်းကန်ထဲငရုတ်သီးဇွန်းအပြည့်ခပ်ထည့်နေသောအကို...။

" နွေဦးလေပြေနှင့်အတူ" ( Complete ) Where stories live. Discover now