အပိုင်း ၇
ကျွန်တော်ကိုကို့အိမ်ရောက်တာ တစ်ပတ်ပြည့်သွားပြီ ကိုကိုက ကျွန်တော့်ကိုဂရုစိုက်ပေးတယ် ချစ်ပေးတယ် အကယ်လို့ကိုကိုသာကျွန်တော်နဲ့အတူရှိနေပေးမယ်ဆို ကျွန်တော့်ကိုစွန့်ပြစ်သွားတဲ့မိဘတွေကိုဒီတစ်သက်ပြန်မတွေ့ရလဲဖြစ်တယ် သူငယ်ချင်းတွေမရှိလည်းဖြစ်တယ် အဲ့အစားကိုကိုပဲကျွန်တော့်အနားမှာရှိနေပေးပါ...။
"အက္ခ ဘာလုပ်နေတာလဲ"
"ဘာမှမလုပ်ပါဘူးကိုကိုရ"
"အော် ငါမှိုင်းတို့ဆီသွားမို့လိုက်မှာလား"
"ဟုတ်"
လွင်ပြင် အက္ခကိုကြည့်လိုက်ရင်အမြဲအတွေးထဲနစ်နေတာကြည့်ပဲ စာရေးဆရာလုပ်စားရမှာ အားတိုင်းတွေးနိုင်လွန်းတယ်...
"ကိုကို ဘာတွေတွေးနေတာလဲကျုပ်...နော်ခေါ်တာတောင်မကြားဘူး"
အက္ခစကားပြောရင် ကျုပ် ဆိုတာကအကျင့်ပါနေတာကြောင့်လွယ်လွယ်နဲ့ပြင်မရချေ...။ ကိုကို့ရှေ့မှာကျုပ်လို့သုံးမိသွားတာမို့ လူမမိခင်အနောက်က နော် လေးပါဆက်ထည့်လိုက်ရသည်။
"ငါကအဲ့လောက်ထိမတွေးပါဘူး မင်းပဲအမြဲတွေးနေတာ တကယ်ပဲ စာရေးဆရာလုပ်စားရမှာ"
"ကိုကိုကလုပ်စေချင်လို့လား"
"လုပ်ချင်လုပ်ပေါ့ ဘယ်သူတားလဲ"
အက္ခဘာမှပြန်မပြောဖြစ်ပဲကိုကို့နောက်ပဲလိုက်လာခဲ့သည်။ အမြဲတမ်းကိုကို့နောက်လိုက်ပြီး ကိုကို့ရဲ့ နို့နံ့လိုလိုကိုယ်သင်းနံ့လေးကို ခိုးပြီးရှုရှိုက်ရတာသဘောကျသည်။ ဆိုင်ကယ်စီးရင်ကိုကို့နောက်ကလိုက်ပြီးကိုကို့ရဲ့ခါးသိမ်သိမ်လေးကိုဖက်ထားရတာသဘောကျသည်။ အက္ခသိပါတယ် တစ်ချိန်ချိန်ကျရင် ဒီလူသားနဲ့အက္ခနဲ့ကတစ်ယောက်တစ်လမ်းစီလျှောက်ရမယ်ဆိုတာ အဲ့တာကြောင့်ကျွန်တော်ခဗျားနားကထွက်မသွားရခင်လေးမှာ ခင်ဗျားရဲ့ကိုယ်သင်းနံ့လေးကိုတစ်သက်မမေ့အောင်ရှုရှိုက်သွားချင်တယ် ခဗျားရဲ့ခါးဆိုဒ်လေးကိုဘယ်ချိန်ဖြစ်ဖြစ်သိနေအောင်ဖက်ထားချင်တယ်...။
ESTÁS LEYENDO
" နွေဦးလေပြေနှင့်အတူ" ( Complete )
RomanceUni ± Zawgyi နွေဦးလေပြေနဲ့အတူကျွန်တော့်အချစ်များတစ်ယောက်သောသူဆီပါသွားသည်... ေႏွဦးလေပြေနဲ႕အတူၾကႇန်ေတာ့်အချစ်ျမားတဈေယာက်ေသာသူဆီပါသွားသည်... Start - May 12 . 2022 End - August. 5.2022