အပိုင်း ၁၃

1K 62 1
                                    

အပိုင်း ၁၃

ပိတောက်ပန်းခူးပြီး ပိတောက်ပန်းခိုင်ကိုအလှကြည့်ကာ အချစ်စာတွေသီနေတဲ့မှိုင်းကိုကြည့်ပြီး အခုမှအိပ်ယာနိုးလာတဲ့ဇင်ဇင်လည်း ခေါင်းတခါခါ...။ အချစ်လွန်ပြီးရူးသွားတဲ့ထဲမှိုင်းတစ်ယောက်မပါဖို့ မိုးပေါ်ကဆင်းလာမဲ့သကြားမင်းကိုပူဆာရသေး။

"နားတွေလည်းညီးတယ်ဟေ့ အချစ်တေးသီမယ်ဆိုလည်း ဝေးဝေးသွားသီ အာရုံနောက်တယ်"

လှေကားပေါ်ကထွက်လာတဲ့လွင်ပြင့်အသံကြောင့် မှိုင်းကြည်နူးနေတဲ့Feelingလေးတောင်ပျောက်...။ သာသနာဖျက်နိုင်လွန်းတဲ့စရင်းထဲ လွင်ပြင်ကိုသွားထည့်ရင်ကောင်းမလား။

"နားညီးရင်နားပိတ်ထား တကယ်ထဲသူများအိမ်လဲလာနေသေးတယ် အသားကလဲကြီးသေး"

"ဟေ့ကောင် ငါ့အိမ်မှာငါ့ကလေးလေးရော ပါးရောမားရောမရှိလို့မင်းဆီလာနေတာကွ လာချင်တယ်များမှတ်နေသလား"

"မလာချင်သွား လစ်တော့"

"ဟဲ့ ကလေးတွေဘာတွေဖြစ်နေကြတာလဲ"

မှိုင်းမေမေကဝင်လာတော့ လွင်ပြင်ကအားကိုးရသွားဟန်ဖြင့်မေမေရီလွင် လက်မောင်းတစ်ဖက်ကိုသွားဖက်ကာ သူကအရင်ဦးအောင်တိုင်သည်။

"မှိုင်းလေ သားကိုအိမ်ပေါ်ကနှင်ချတယ် ငါ့အိမ်ကဆင်းတဲ့"

လွင်ပြင်ရဲ့ငိုမဲ့မဲ့ရုပ်နဲ့ မြေခွေးလိုအကြံအဉာဏ်မှာ မှိုင်းမေမေတို့ကကောက်ကောက်ပါအောင်ပါသွားသည်။ သကြ်န်အကြိုနေ့မှာမြေခွေးအကြံအစဉ်တွေထုတ်သုံးတဲ့လွင်ပြင် ငရဲအိုးဂျိုးကပ်ပါစေ...။

"သားရယ် ဘယ်လိုပြောလိုက်တာလဲ လွင်ပြင်လေးကိုနောက်တခါအဲ့လိုပြောရင်မင်းအထုပ်ပြင်ထားတော့"

"ဟာမေမေကလည်း"

"ဟာမေမေကလည်း လုပ်မနေနဲ့မနက်စာငတ်သွားမယ်"

မေမေ့ရဲ့ဘက်လိုက်မှုတွေကြားမှာ မှိုင်းသက်ပြင်းကြမ်းကြမ်းတစ်ချက်ချလိုက်သည်။ ဒါကိုကြားသွားတဲ့မေမေက မျက်စောင်းလှမ်းထိုးသွားသည်။

သကြ်န်အကြိုနေ့မနက်ခင်းမှာ ပိတောက်ပင်ကြီးရှိတဲ့အိမ်လေးမှာ စကားပြောသံတွေ ရန်ဖြစ်သံတွေဆူညံ့နေသလို လောလောလတ်လတ်စိုက်ထားတဲ့စတော်ဘယ်ရီခင်းသေးသေးလေးရှိတဲ့အိမ်မှာလဲ စကားသံတွေဆူညံ့လို့နေသည်။

" နွေဦးလေပြေနှင့်အတူ" ( Complete ) Donde viven las historias. Descúbrelo ahora