အပိုင်း ၂၅
"ဝိုး...ဇင်ဇင်တို့ကတော်လိုက်တာ"
မြန်းစံလှသူကချီးကျူးစကားဆိုတော့...
"တော်တာမဟုတ်ပါဘူး ခနခနနားထောင်နေတော့ အလွတ်ရပြီးကီးကိုက်နေတာ"
"တကယ်ပြောတာ...သီချင်းလေးကအေးအေးလေးနဲ့မိုက်နေရောပဲ...ရှမ်းပြည်အငွေ့အသက်တွေလဲအများကြီးခံစားရတယ်"
"အင်း...လွမ်းစရာလေး...ဇင်ဇင်ဆိုခနခနအဲ့ဟာနားထောင်ပြီးFeelတာ"
"Feelစရာဘဲလဲမရှိဘဲနဲ့"
မြန်းစံလှသူရဲ့ရွှတ်နောက်နောက်အပြောကြောင့်နင်သွားတာတော့အမှန်ပင်...။ ဘယ်လိုတောင်ထိုးနှက်ချက်ကြီးတာလဲ...။
"ဇင်ဇင်တို့ဘာတွေပြောနေတာလဲ..."
"အကိုလွန်းရယ်...ဒီမှာလေမြန်းကဇင်ဇင့်ကိုဘဲမရှိလို့တဲ့"
"ဇင်ဇင့်မှာကရှိတာလဲမဟုတ်ဘဲနဲ့"
"ဟာ...အကိုလွန်းမကောင်းဘူး...မြန်းလဲမကောင်းဘူး...ဇင်ဇင်တို့ကမရတာမဟုတ်ဘူး မလိုချင်တာပါနော်"
ဇင်ဇင်ကငိုမဲ့မဲ့နှင့်ပြောတော့ လွန်းရောမြန်းရောပြိုင်တူရီလိုက်သည်။ ရီနေတာမှာတော်တော်နှင့်အကြောမပြတ်နိုင်...တစ်ယောက်ယောက်ကရင်ခွင်ကျယ်ကျယ်ထဲစွဲသွင်းလိုက်မှအရီရပ်လိုက်သည်။
"အယ်...မောင်"
ရင်အုပ်ကျယ်ကျယ်ပိုင်ရှင်ကိုမော့ကြည့်လိုက်တော့ နှစ်ယောက်မရှိသောမောင်ပါလေ...။ ဇင်ဇင်နဲ့မြန်းကအလိုက်တသိထွက်သွားပေးတော့တော်ပါသေးသည်။
"အချစ်ပြောတော့မိန့်ခွန်းပဲဲပြောမှာဆို"
"ဒါကMCလုပ်ပေးမဲ့ကောင်လေးကနေမကောင်းလို့ငါကအစားဝင်ပေးလိုက်တာပါကွာ"
"အဲ့တာဆိုလဲဘာလို့...ဟိုကောင်မလေးနားကပ်နေနေတာလဲ"
"MCနှစ်ယောက်ကကပ်မနေလို့ တစ်မိုင်လောက်အကွာကနေ လှမ်းအော်ရမှာလား! လိ့လိုပဲ"
ဒေါသထွက်သွားသည့်အချစ်ကဆဲသံလေးပါပါလာသည်။ 5နှစ်ကျော် Relationship ကြာပြီးတဲ့နောက်မှာ အချစ်ကိုဘယ်လိုချော့ရင်ပျော့လဲဆိုတာလောက်ကတော့ ကကြီးခခွေးရေးသလောက်ပဲရှိတယ်။
ESTÁS LEYENDO
" နွေဦးလေပြေနှင့်အတူ" ( Complete )
RomanceUni ± Zawgyi နွေဦးလေပြေနဲ့အတူကျွန်တော့်အချစ်များတစ်ယောက်သောသူဆီပါသွားသည်... ေႏွဦးလေပြေနဲ႕အတူၾကႇန်ေတာ့်အချစ်ျမားတဈေယာက်ေသာသူဆီပါသွားသည်... Start - May 12 . 2022 End - August. 5.2022