အပိုင်း ၃၁

847 37 0
                                    

အပိုင်း ၃၁






မနေ့ညကမူးရူးနေတဲ့သုံးယောက်သားနိုးလာတော့ မနေ့ညကသရက်ပင်အောက်မှာပဲရှိသေးသည်။

ထိုးကိုက်နေတဲ့ခေါင်းကိုတစ်ချက်ခါလိုက်ပြီး ဘေးကမင်းသခင်နဲ့မှိုင်းကိုနှိုးလိုက်သည်။ ကိုက်နေတဲ့ခေါင်းကိုရော နိုးရဲ့သားနဲ့မထဘဲနေနေတဲ့နှစ်ကောင်ကိုရောလျစ်လျူရှုကာ အိမ်ထဲဝင်ပြီးသံပျာရည်ဖျော်လိုက်သည်။

ခပ်ချဥ်ချဥ်သာဖျော်ထားတဲ့သံပျာရည်ကိုသောက်လိုက်တော့ ဦးနှောက်ကလန်းဆန်းသွားသလိုပင်...။ သံပျာရည်သောက်နေရင်း ခြေသံကြားလို့မော့ကြည့်လိုက်တော့ မှိုင်းနဲ့မင်းသခင်...။

"ငါတို့လဲတိုက်အုံးလေ..."

"မတိုက်လဲသောက်လိုက်ပြီနော်အကိုသန့်မြတ် ကျွန်တော့်honeyအပြင်ထွက်မယ်ဆိုလို့ သွားပိုးအုံးမို့"

"အော်...အေး...အေး...သွား..သွား..."

ပြောလို့ပင်မဆုံးသေး လက်ထဲကသံပျာရည်ခွက်ကိုဆွဲယူပြီးထွက်သွားတာမို့ တားချိန်ပင်မရ...။

"ဟူး...ငါလဲအချစ်ဆီသွားအုံးမယ်...လမ်းကျမှပဲသံပျာရည်ဝယ်သောက်တော့မယ် သွားပြီနော်..."

"အော်...အေးသွားကြ"

နှစ်ကောင်လုံးထွက်သွားမှသန့်မြတ်လဲအကို့ဆီသွားရန်ပြင်ရသေး...။ အမူးပြေသွားတော့မျက်နှာသစ်ရေချိုးပြီး အကို့ဆီထွက်လာခဲ့သည်။ အမြန်ဆုံးမောင်းလာတဲ့ဆိုင်ကယ်ကြောင့် ခနလေးအတွင်းအကို့ဆီရောက်သွားသည်။

"အကို...စောင့်နေတာလား"

ခြံဝမှာမြင်ရတဲ့အကို့ကိုပြေးဖက်လိုက်တော့ တွန်းဖယ်လာတဲ့လက်တွေ...။

"ဘာဖြစ်လို့လဲအကို"

"မင်းအရက်သောက်လာတာလား နံဟောင်နေတာပဲ"

အကို့စကားကြောင့်သူကြောင်သွားတာအမှန် ဘယ်လိုတောင်အနံ့ခံကောင်းတာလဲ...။ သူရေလဲချိုးလာပါတယ် သွားလဲတိုက်လာပါတယ်...။

"ဟိုကောင်မှိုင်းညို့မောင်ရောပါလား"

အကို့နောက်ကနေထပ်ထွက်လာတဲ့အကိုလွန်းအသံကြောင့်သူ့မှာအကြံကခပ်အိုက်အိုက်...။ လိမ်ပြောရင်လဲသူသေလမ်း အမှန်အတိုင်းပြောရင်လဲသေလမ်း...။ သေမဲ့အတူတူအကို့ကိုမလိမ်ဘဲသေလိုက်ပါမယ်လေ...။

" နွေဦးလေပြေနှင့်အတူ" ( Complete ) Donde viven las historias. Descúbrelo ahora