အပိုင်း ၁၇

829 47 2
                                    

အပိုင်း ၁၇


ဖရဲသီးနှစ်လုံးစားပြီးမှ ပြည့်သွားတဲ့ဗိုက်ကြောင့်ကွပ်ပျစ်ပေါ်လှဲကာ အစာခြေနေလိုက်သည်။ မျက်စိကိုမှိတ်သဘာဝလေပြေလေးတွေခံယူရင်း လွန်းအကြောင်းကခေါင်းထဲရောက်လာတော့ မျက်စိပြန်ဖွင့်ကာ လွန်းကိုပေါ်တင်ကြည့်လိုက်သည်။ အနောက်ကိုလက်နှစ်ဖက်ပြစ်ပြီး လေညှင်းခံယူနေတဲ့လွန်းဟာတကယ်ကိုပင် လှရက်နိုင်လွန်းပါသည်။

ထို့နောက်ဖုန်းကိုထုတ်ကာ ထပ်ပြီးဓာတ်ပုံခိုးရိုက်လိုက်ပါသေးသည်။ ထို့နောက်အရိပ်ကောင်းလှသော မန်ကျည်းပင်အောက်တွင်လိုင်းဖွင့်ကာ Facebookထိုင်သုံးနေလိုက်သည်။

New Feed ပေါ်တတ်လာခဲ့ Video / Photo များကိုစိတ်မဝင်စားသော်လည်း NFပေါ်တတ်လာတဲ့ စာလေးတစ်ကြောင်းကြောင့်ရွေ့လျားနေသော လက်မသည်တန့်ခနဲရပ်တန့်သွားသည်။ ထိုစာလေးမှာ  Pageတစ်ခုကတင်လာခြင်းဖြစ်သည်။

:": ကိုယ်Crushနေတဲ့သူကိုဖွင့်ပြောပြီးငြင်းခံရတာထက် မဖွင့်ပြောပဲ သူရည်းစားရသွားတာ ထိုင်ကြည့်နေရတဲ့ဘဝက စိတ်အနာဆုံးပဲ :":

ထို့စာကိုမြင်ပြီးနောက် လွန်းကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ထိုစာလေးကို Public ဖြင့် Share ပြီး Caption ကိုတော့...

:": ဖွင့်ပြောလိုက်ရင်ကောင်းမလား :":

ဟုရေးလိုက်သည်။ ထို့နောက်လိုင်းကိုပိတ်ကာ တစ်နေရာရာကိုငေးရင်းစဥ်းစားနေလိုက်သည်။

"အန်တီတို့ပြန်လာပြီပဲ..."

သန့်မြတ်စကားကြောင့်ခြံဝကိုလှမ်းကြည့်လိုက်တော့ အန်တီနန်းနှင့်ဖွားကျင်မေတို့ပြန်လာပြီဖြစ်သည်။ မြန်မာချိတ်ခရမ်းလေးနှင့်အန်တီနန်းသည် လှရက်လွန်းပါသည်။ အင်းလေ...သူချစ်ရသောအမျိုးသားလေး၏ အမေပဲကို...။

ဘေးမှဦးချမ်းမြေ့ကလဲသူ့ဇနီး၏ အလှကိုဂုဏ်ယူနေဟန်ရှိသည်။ လူတွေများလာတာကြောင့်အနေခက်နေတဲ့သူ့ကို လွန်းကအကိုနှောင်ဖွဲ့ဒီးနှင့်အတူ နွားကျောင်းလိုက်ရန်ခေါ်သည်။ မြို့သားလေးပေမို့ နွားကျောင်းမလိုက်ချင်သော်ငြား လွန်းပါနေသည်မဟုတ်ပါလား...။

" နွေဦးလေပြေနှင့်အတူ" ( Complete ) Donde viven las historias. Descúbrelo ahora