Systemနှင့်စတင်​တွေ့ဆုံခြင်း

7K 343 1
                                    

(ငါ့systemကထူးဆန်း​နေတယ်)

တီတီ...systemကိုအသက်သွင်း​နေသည်။လမ်းပျောက်​နေ​သော၀ိဥာဥ်အားsystemနှင့်ချိတ်ဆက်​နေသည်။

ချိတ်ဆက်မှုပြီးစီး....

မဟူရာ​ရောင်နက်​မှောင်​နေ​သောကွင်းပြင်ကျယ်ကြီးတွင်အနက်ရောင်ပိတ်ကားထက်၌​ငွေမှုန်များကြဲထားသကဲ့သို့မှိတ်တုပ်မှိတ်တုပ်ဖြစ်​နေ​သောကြယ်များ၊နဂါး​ငွေ့တန်းဂလက်စီများဖြင့်ပြည့်​နေပြီးအာကာသ၁ခုကဲ့သို့​တွေ့မြင်ရမည်ဖြစ်သည်။ထိုအထဲတွင်အဖြူ​ရောင်အင်္ကျီ၀တ်ထား​သော​ကောင်ငယ်​လေး၁ယောက်ကဖြူ​ဖျော့စွာလှဲ​​လျောင်းလို့​နေသည်။​ကောင်ငယ်​လေးမှာအားနည်း​ဖျော့​တော့​နေပြီး​သေချာကြည့်ပါကထို​ကောင်​လေးကို​ဖောက်ထွင်းမြင်နိုင်​ပေသည်။အညို​ဖျော့​ရောင်ဆံပင်ခက်အုပ်အုပ်ကနဖူးပြင်၁ခုလုံးကိုဖုံးအုပ်ထားပြီးအပြစ်အနာအဆာကင်းကာအဖုအထစ်၁ခု​တောင်မရှိ​သောမျက်နှာနုနု​​လေးမှာယခုအခါ​တော့အားမရှိစွာလှဲ​​လျောင်း​​နေရပြီးနှုတ်ခမ်းသားတို့မှာ​ခြောက်​သွေ့ကွဲအက်​နေပြီးဖြူလျော်​နေရှာသည်။

​ကောင်ငယ်​လေး၏​ခေါင်းထက်တွင်​တော့ကြယ်၃လုံးကတြိဂံပုံသဏ္ဍာန်လင်းလက်​တောက်ပ​နေသည်။​ဘယ်ဘက်​အောက်​ခြေရှိကြယ်မှအပြာ​ရောင်အလင်းတန်း​ဖျော့​ဖျော့​လေးလင်းလက်​နေရာမှထွန်းလင်း​တောက်ပလာပြီးအပြာ​ရောင်အ​ငွေ့များက​ကောင်​လေးကိုဖုံးအုပ်သွား​​တော့သည်။အပြာ​ရောင်အလင်းတန်းများ​ပျောက်ကွယ်သွားချိန်တွင်ထိုကြယ်မှာ​ကြွေကျလာပြီး​ကောင်ငယ်​လေး၏နဖူးပြင်ထံ၀င်​ရောက်​ပျောက်ကွယ်သွား​တော့သည်။

​ကောင်ငယ်​လေးထံတွင်လည်းအ​ပြောင်းအလဲ၁ချို့ဖြစ်​ပေါ်လာသည်။နဂိုကဖြူ​လျော်​နေ​သောအသားအရည်မှာ​သွေး​ရောင်လွှမ်းလာပြီးပုံရိပ်မှာလည်းထင်ရှားလာသည်။နှုတ်ခမ်းသားတို့ကလည်းပြည်လည်စို​ပြေလာကာပန်းနု​ရောင်သမ်းလာကာပါးပြင်မှာလည်းအနည်းငယ်နီ​စွေးလာကာ​သွေး​ကြောစိမ်း​လေးများကိုပင်မြင်​နေရသည်။ခပ်စိပ်စိပ်မျက်​တောင်ကော့​ကော့​လေးများကလှုပ်ရှားလာကာအညို​ရောင်မျက်၀န်းတို့ကဖျတ်ကနဲပွင့်လာသည်။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now