Arc2.7(ပ)(Oh! my dear husband)

2K 157 4
                                    


အန်ဒရူးရုံးခန်းထဲတွင်အက်စတာမှ​နေ့လည်စာလာပို့မည်ဟုဖုန်းဆက်ထားသဖြင့်အက်စတာ၏အလာကို​စောင့်​နေမိသည်။​ခါတိုင်း​ရောက်​နေကျအချိန်ထက်​နောက်ကျသည်အထိမ​ရောက်လာရုံသာမကအမည်မသိဖုန်းနံပါတ်မှအက်စတာပြန်​ပေးအဆွဲခံရသည်ဟုmessageပို့လာ​လေသည်။ထို့အပြင်ချစ်ရသူဆီမှလည်းတည်​နေရာနှင့်တကွ​ထို​နေရာဆီသို့အလျှင်အမြန်လာခဲ့ရန်messageပို့လာခဲ့သည်။ထို့​ကြောင့်ထိုတည်​နေရာဆီသို့အ​လောတကြီးထွက်လာခဲ့သည်။မိမိ​ရောက်သွားချိန်တွင်လမ်းကြားထဲ၌ရပ်ထာစ​သောကားအဖြူ​လေးနှင့်ပွစာကျဲ​နေ​သော​နေ့လည်စာများနှင့်အတူအက်စတာ၏ကွဲအက်​နေ​သောဖုန်းကိုပါ​တွေ့လိုက်ရသည်။

အက်စတာ​ပျောက်​နေတာနာရီ၀က်ရှိပြီဖြစ်သည်။ထိုနာရီ၀က်သည်အန်ဒရူးအဖို့အရှင်လတ်လတ်ငရဲကျ​နေသည့်နှယ်ပူ​လောင်လွန်းလှသည်။အခုထိအက်စတာ၏အရိပ်အ​ယောင်ကိုမ​တွေ့ရ​သေး​ပေ။လူများစွာကိုလွှတ်ပြီးရှာ​ဖွေ​စေရုံသာမကမိမိကိုယ်တိုင်လည်းလိုက်ရှာ​နေမိသည်။လူးကပ်စ်နှင့်သူ့အ​မေကို​တော့အိမ်အပြင်မထွက်နိုင်​စေရန်​သေချာအကျဥ်းချထားလိုက်သည်။

"ဟဲ့...နင့်ဖုန်းလာ​နေတယ်..."

အန်ဒရူးတင်မကကလို၀ီကပါအက်စတာ၏သတင်းကိုရနိုင်သမျှရ​အောင်ကူညီရှာ​ဖွေ​ပေး​နေသည်။အခုလည်းCCTVမှတ်တမ်းအရရှိ​လောက်မည်ဟုထင်ရ​သော​နေရာဆီသို့အတူတကွသွား​နေကြခြင်းဖြစ်သည်။အန်ဒရူးဖုန်း၀င်သည်ကိုမသိရ​လောက်သည်အထိအလွန်စိတ်ပူ​နေရသည်။တတီတီမြည်​နေ​သောဖုန်းအားစိတ်ရှုပ်စွာ​ကောက်ကိုင်လိုက်​တော့ဖုန်းနံပါတ်ကအစိမ်းကြီးဖြစ်​နေသည်။ပုံမှန်ဆိုလျှင်ထိုသို့အမည်မသိ​သောဖုန်းများကိုကိုင်မည်မဟုတ်​သော်လည်းအခုအခါစိတွနှင့်လူနှင့်မကပ်သည့်အတွက်ကိုင်လိုက်မိသည်။

"ဟယ်လို..."

"မြို့ပြင်ကYလုပ်ငန်းစုပိုင်တဲ့စွန့်ပစ်ထားတဲ့ဂို​ထောင်အ​ဟောင်းကဂို​ထောင်နံပါတ်....ကိုသွား..."

ဖျက်ထားပုံရ​သောအသံခပ်ဩဩကထိုစကား​ပြောပြီးသည်နှင့်ချက်ချင်းချသွား​လေသည်။အလျင်အမုန်ပုန်​ခေါ်​သော်လည်းဆက်သွယ်၍မရ​တော့​ပေ။ထို့​ကြောင့်အန်ဒရူးလည်းကလို၀ီအားထို​နေရာဆီသွားရန်​စေခိုင်းလိုက်သည်။တစ်ချို့ကိုသွားလက်စ​နေရာဆီဆက်သွားခိုင်းလိုက်ပြီးကလို၀ီ၊မိမိနှင့်ကျန်သည့်သူများက​တော့ထိုလူစိမ်း​ပြောပြ​​သော​နေရာဆီသို့သွားကြမည်ဖြစ်သည်။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now