Arc3.7(my emperor)

1.7K 125 2
                                    

"မယ်မယ်ဘုရားမိဖုရားခေါင်ကမယ်မယ်ဘုရားကိုစားပွဲဆက်သပါတယ်"

မယ်မယ်ဘုရားစာအုပ်ဖတ်နေရာမှအနီးကပ်အစေခံမလေး၏လျှောက်တင်သံကြောင့်စိတ်ဝင်စားသွားရသည်။သူမသိသလောက်ဆိုရင်မိဖုရားခေါင်ကသူ့အဆောင်ကနေအပြင်ကိုထွ
က်ခဲလှပေသည်။မိမိကိုစားပွဲဆက်သဖို့မဆိုထားနှင့်လော့တိုင်းပြည်သို့ရောက်သည်မှာကြာလှပြီဲဖြစ်သော်လည်းအခုထိ၁ခါမှလာရောက်ဂါရဝပြုခြင်းပင်မရှိချေ။ထို့သို့သောမိဖုရားခေါင်ကမိမိအားစားပွဲဆက်သသည်မှာထူးဆန်းလွန်းလှသည်မဟုတ်လား......

သို့သော်လည်းမိဖုရားခေါင်လိုတော်ဝင်သွေးစစ်စစ်ကကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံ၍ချက်ပြုတ်ပေးထားခြင်းဖြစ်၍လက်ခံလိုက်ကာဒီနေ့ညစာကိုအစောကြီးသုံးဆောင်လိုက်သည်။မိဖုရားခေါင်ပြင်ဆင်ပေးထားသောဟင်းပွဲများကိုစားသောက်ပြီးနောက်မယ်မယ်ဘုရား၏အတွေးထဲတွင်ကျန်းဝေယုံ၏ပုံရိပ်ကပို၍မြှင့်တက်လာပြီးချင်ချန်ချိုးထက်သာသုလွန်သွားတော့သည်။

"အရှင်မိဖုရားခေါင်ကအရှင့်ကိုတွေ့ခွင့်တောင်းနေပါတယ်...."

"ဝင်ခွင့်ပြုလိုက်ပါ..."

လော့ဟန်ယွင်နယ်စပ်မှစစ်ပွဲအစီရင်ခံစာများကိုဖတ်နေစဥ်မိမိ၏မိဖုရားခေါင်အကောင်ပေါက်လေးမှတွေ့ခွင့်တောင်းတာကြောင့်ချက်ချင်းပဲဝင်ခွင့်ပြုလိုက်သည်။အခုလေးတင်ရှေ့တန်းမှမင်္ဂလာရှိသောသတင်းကိုပေးပို့လာပြီးချစ်ရသူကလည်းမိမိအားလာတွေ့တာကြောင့်လော့ဟန်ယွင်အမှန်တကယ်ပင်ပျော်ရွှင်နေပြီးရေခဲတုံးဘုရင်လော့ဧကရာဇ်၏မျက်နှာထက်တွင်အပြုံးခပ်ရေးရေးလေးကိုမြင်တွေ့နိုင်မည်ဖြစ်သည်။

ကျန်းဝေယုံကဥယျာဥ်ထဲရှိလော့ဟန်ယွင်နားနေသောအဆောင်ငယ်လေးထဲသို့ဝင်လာလိုက်ပြီးအနောက်မှစုရီရီနှင့်စားဖိုဆောင်မှအကူများကတော့ဟင်းပွဲများကိုသယ်ဆောင်လာပေသည်။

"အရှင့်ကိုဂါရဝပြုပါတယ်..."

လော့ဟန်ယွင်ကထိုင်နေရာမှထလာကာကျန်းဝေယုံအားထူမပေးလိုက်သည်။ထို့နောက်၂ယေက်သားထိုင်ခုံပေါ်တွင်ကိုယ်စီထိုင်လိုက်ကြသည်။ကျောက်စိမ်းစားပွဲ၏၁ဝက်ကိုလော့ဟန်ယွင်၏အစီရင်ခံစာ၊တိုင်ကြားစာများကသိမ်းပိုက်ထားပြီးကျန်၁ဝက်ကိုတော့ကျန်းဝေယုံ၏အငွေ့တထောင်းထောင်းထနေသောဟင်းပွဲ၃မျိုးကသိမ်းပိုက်ထားလေသည်။ပူနွေးပျစ်နှစ်နေကာနို့နှစ်ရောင်သမ်းနေသောငါးခေါင်းစွပ်ပြုတ်ပန်းကန်လုံးကြီး၁လုံး၊အတွင်းမှဖက်ထုပ်အစာများကိုဖောက်မြင်နိုင်သည်အထိကြည်လင်နေသောဖက်ထုပ်ပြုတ်ပန်းကန်၁လုံးနှင့်အစီစီအရီရီထည်ထားဆသာဖက်ထုပ်ကြော်၊ဖက်ထုပ်အိုးကပ်ကြော်နှင့်အတူကိုယ်တိုင်လုပ်အထူးဆော့စ်တို့ကဘုရင်၁ပါးအတွက်အနည်းငယ်နိမ့်ကျနေသော်လည်းလော့ဟန်ယွင်ကတော့ဂရုမစိုက်ပေ။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now