Arc3.10(my emperor)

2.2K 129 11
                                    

ဂီတသံဆုံးသွားသည်နှင့်အမျိုးသမီးများနှင့်ကောများထံမှဂုဏ်ပြုလက်ခုပ်သံများသောင်းသောင်းဖျဖျရရှိလိုက်သည်။အခုခေတ်သည်ကျားဝါဒကြီးစိုးသောခေတ်ဖြစ်ကာအမျိုးသမီးများနှင့်ကောများ၏အခန်းကဏ္ဏမှာအရေးမပါပေ။အမျိုးသမီးနှင့်ကောများသည်စီးပွားရေးလုပ်ခွင့်မရှိသလိုနိုင်ငံရေးဖြစ်စေတခြားအရေးပါသောကဏ္ဏများ၌ဖြစ်စေပါဝင်ပတ်သတ်ခွင့်မရှိပေ။ဧကရီ၁ပါးပင်ဖြစ်လင့်ကစားဧကရာဇ်၏အာဏာ၁ဝက်ကိုမျှပင်မရရှိပါချေ။အမျိုးသမီးများနှင့်ကောများသည်အမျိုးသားများကိုအလုပ်အကျွေးပြုကြရုံ၊အိပ်ယာအားနွေးစေရုံမှ၁ပါးကျန်သည့်နေရာများတွင်အရေးမပါကြပေ။

ထို့သို့ဖြစ်ရသည်ကိုမကျေနပ်ကြသောသူအချို့ရှိကြသော်လည်းအားလုံးကထိုအချင်းအရာကိုဖြစ်သင့်သည်ဟုသာတွေးကြတာကြောင့်ထိုသူများကလည်းဘာမျှမတတ်နိုင်ကြချေ။သို့သော်ယခုအခါမိဖုရားခေါင်မှအားလုံးအစားအရှေ့ဆုံးမှထွက်ပြောနေပြီဖြစ်ရာအနည်းဆုံးတော့သူတို့ကလက်ခုပ်တီးပေးကြသင့်သည်။လက်ခုပ်တီးပေးရုံပဲမလားဘာမှခက်ခဲတာမှမဟုတ်တာဒီလောက်ကတော့သူတို့လုပ်နိုင်ပါတယ်နော်။

အမျိုးသားများမှာတော့အမျိုးသားနှင့်ဆန်ကျင်ဘက်ဖြစ်စွာကျန်းဝေယုံ၏သီချင်းကြောင့်အီလည်လည်ဖြစ်ကုန်ကြသည်။ရုတ်တရက်ပွဲခင်းထဲသို့လေများပြင်းထန်စွာတိုက်ခတ်လာပြီးကျန်းဝေယုံ၏မျက်နှာအားကာထားသောမျက်နှာကာသည်လည်းလေကြောင့်လွှင့်သွားလေသည်။

လွှင့်သွားပါသောမျက်နှာကာနှင့်အတူပေါ်လာပါသောကျန်းဝေယုံ၏မျက်နှာလှလှလေး.....

ရုတ်ချည်းရပ်တန့်သွားပါသောတိုက်ခတ်နေသောလေ......

သီချင်းကြောင့်ကြွက်စီကြွက်စီဖြစ်နေသောလူအုပ်ကြီး........

မျက်နှာကာလွှင့်သွား၍ကြောင်အသွားဟန်ပုံပေါ်သောကျန်းဝေယုံကမျက်လုံးအဝိုင်းသားကလေးပင်။ဝိုင်းစက်နေသောမဟူရာရောင်မျက်ဝန်း၁စုံကိုဝန်းရံထားသောခပ်စိတ်စိတ်မျက်တောင်မွှေးများ၊ဘာကျူးရှားကျစ်မှမပါရှိသောပြောင်ရှင်းနေသည့်နဖူးပြင်ခပ်ပြေပြေကလေးဖြောင့်ဆင်းနေပါသောနှာတံလေးနှင့်အတူအံ့အားသင့်မှုကြောင့်ပွင့်အနေပါသောနီစွေးစွေးနှုတ်ခမ်းသားလေးမှတဆင့်မြင်တွေ့နေရသောသွားတန်းဖြူဖြူလေးများကြောင့်များကြောင့်လူအများကဆွဲဆောင်ခံထားရလေသည်။ထိုထဲတွင်လော့ဟန်ယွင်လည်းအပါအဝင်ဖြစ်သည်။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now