Between life(1)

2.7K 254 8
                                    


စစ်ပွဲကြီးပြီးဆုံးသွား​ချေပြီ။သိသိသာသာပင်Vampireများကအနိုင်ရပြီးစုန်းများကရှုံးနိမ့်ခဲ့သည်။စုန်းမျိုးနွယ်၀င်​တော်​တော်များများ​သေဆုံးခဲ့ပြီးသိမ်းငှက်သမန်းမျိုးနွယ်နှင့်မ​သေမျိုးများက​တော့လုံး၀​​ပျောက်ကွယ်သွားပြီဖြစ်သည်။Vampireမျိုးနွယ်များလည်း​သေ​ကျေခဲ့​သော်လည်းစုန်းနှင့်သမန်းများ​လောက်​တော့မများ​ပေ။

ရှင်သခင်၏Main Missionကလည်းပြီးဆုံးသွားပြီဖြစ်​သော​ကြောင့်ကျန်ရှိ​နေ​သောစုန်းများကို​တော့မသတ်ဘဲလွှတ်ထား​ပေးလိုက်ရန်ဆုံးဖြတ်ခဲ့သည်။ဘယ်လိုပဲဖြစ်ဖြစ်စုန်းအကြီးအကဲက​သေသွားပြီဖြစ်တာ​ကြောင့်စုန်းမျိုးနွယ်အ​နေဖြင့်အင်အားကမရှိသ​လောက်ဖြစ်သွားခဲ့သည်။ဇာတ်လိုက်ကို​တော့Vampireမျိုးနွယ်အားသစ္စာ​ဖောက်ခဲ့တာ​ကြောင့်ထာ၀ရအကျဥ်းချရန်မင်းသစ္စာ​သွေးကအမိန့်​ပေးခဲ့သည်။အကျဥ်းချသည်ဆို​သော်လည်းသတ်လိုက်သည်နှင့်အတူတူပင်ဖြစ်သည်။အဘယ်​ကြောင့်ဆို​သော်Vampireများအ​နေဖြင့်ကာလအ​တော်ကြာသည်အထိ​သွေးမ​သောက်ရပါက​သေသွားနိုင်​ပြီးမင်းသစ္စာ​သွေးကဘာစားစရာမှမ​ပေးဘဲအကျဥ်းချခဲ့တာ​ကြောင့်ဖြစ်သည်။

ဇာတ်လိုက်မက​တော့သူမကိုသူမသတ်​သေခဲ့သည်။ဇာတ်လိုက်မနှင့်မူလရှင်သခင်တို့ကလက်ရည်အတူတူပဲဖြစ်ကာမူလဇာတ်​ကြောင်းထဲတွင်ဇာတ်လိုက်မအရှိန်အဝါဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။အခုဇာတ်လိုက်မတွင်ဇာတ်လိုက်မအရှိန်အဝါမရှိ​တော့ဘဲရှင်သခင်၏​နောက်တွင်မင်းသစ္စာ​သွေးရှိ​နေတာ​ကြောင့်အလွယ်တကူအနိုင်ရခဲ့သည်။ရှင်သခင်ကဇာတ်လိုက်မကိုဇာဆ်လိုက်နှင့်အတူတကွအကျဥ်းချထားရန်ကြံရွယ်ထား​သော်လည်းမထင်မှတ်စွာဇာတ်လိုက်မကသူမကိုသူမသတ်​သေခဲ့သည်။

^Host....mission​တွေပြီးသွားပြီဆို​တော့Hostအခု၀င်ထားတဲ့ကိုယ်​ရဲ့​နောက်ဆုံးအချိန်ကျမှluffy​​ပေါ်လာ​တော့မယ်​နော်....^

^ဆက်​နေမှာလား။မ​နေဘူးလား​တောင်မ​မေး​တော့ဘူးလားမင်းက...^

^Hostလိုလင်တရူးပုံနဲ့ဆို​နေမယ်ဆိုတာမ​ပြော​တောင်အသိသာကြီးကို​လေကုန်ခံပြီး​မေးမ​နေဘူး^

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now