Arc 1.1(My lord vampire)

7K 312 5
                                    

(ငါ့systemကအရမ်းရိုင်းတယ်)

"အား...ကျွတ်...ကျွတ်...​ခေါင်းကိုက်လိုက်တာ"

"Hostအဆင်​ပြေလားဟင်။အရမ်းနာ​နေလား"

နှိုင်းထက်လျှံLuffy၏အ​မေးကိုပြန်မ​ဖြေအား​သေး​ပေ။​မျက်လုံးများပြာ​နေပြီးဘာကိုမှသဲသဲကွဲကွဲမမြင်ရ​သေး​ပေ။ထို့အပြင်​ခေါင်းကလည်းချာချာလည်​အောင်မူး​နေပြီးအပ်​ပေါင်းများစွာဖြင့်ဦး​ခေါင်းအရည်ပြားကို၀ိုင်းထိုး​နေသည့်အတိုင်းခံစား​နေရသည်။အ​နာသက်သာသွားပြီဆိုမှLuffyအားစိတ်ထဲမှဆက်သွယ်လိုက်သည်။

"Luffy...မင်းရှိ​နေလား"

"ဟုတ်...ကျွန်​တော်ရှိပါတယ်Host...မှတ်ဥာဏ်လွှဲ​ပြောင်း​ပေးရမလားဟင်"

"အင်းလွှဲလိုက်​တော့"

ဇာတ်​ကြောင်းနှင့်မှတ်ဥာဏ်များအားလွှဲ​ပြောင်း​ပေး​နေပါသည်။(Warning:အလွန်အမင်းနာကျင်ပါလိမ့်မည်)

ထိုးကိုက်လာ​သော​ခေါင်းတို့နှင့်အတူကြည်လင်ခါစမြင်ကွင်းတို့မှာလား​ဝေဝါးလာပြန်သည်။​ခေါင်းကိုက်တာသက်သာလာမှဇာတ်​ကြောင်းကိုအရင်ဖတ်ကြည့်လိုက်သည်။

ဒီကမ္ဘာကVampire​တွေစုန်း​တွေသမန်းမျိုးနွယ်​တွေနဲ့လူသား​တွေဟာယှဥ်တွဲ​နေထိုင်ကြတဲ့ကမ္ဘာမျိုးဖြစ်တယ်။စုန်း​တွေvampire​တွေနဲ့မလို့​ရှေးကျတယ်မထင်လိုက်ပါနဲ့။ဒီဘက်​ခေတ်လိုတိုးတက်​နေပြီဖြစ်သည်။ဒါဆိုစုန်း​တွေနဲ့vampire​တွေကဘယ်လို​နေထိုင်ကြတာလဲ။သူတို့ကလူသား​တွေနဲ့ပဲ​ရော​နှော​နေထိုင်ကြပြီးသူတို့ရဲ့အစွမ်းကိုထုတ်မသုံးသ​ရွေ့စုန်းမှန်းvampireမှန်းမခွဲခြားနိုင်​ပေ။​ပြောရရင်လူသား​တွေကိုယ်၌ကစုန်း​တွေvampire​တွေရှိ​နေမှန်းမသိကြ​ပေ။

Vampire​တွေကို၄မျိုးခွဲထားကြသည်။
(1)Royal vampire

Royal vampire​တွေကvampire​တွေအထဲမှာအဆင့်အမြင့်ဆုံးနဲ့အစွမ်းအထက်ဆုံး​တွေဖြစ်ကြသည်။Royal vampire​တွေကိုKing vampireလို့လဲသတ်မှတ်နိုင်သည်။Royal vampire​တွေကအလိုရှိရာတိရိစ္ဆာန်ပုံသဏ္ဍာန်ကို​ပြောင်းလဲနိုင်စွမ်းနိုင်ရှိကြသည်။အသက်1000ရှိပြီးVampire​တွေထဲမှာအသန်မာဆုံးဖြစ်ကြသည်။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now