Arc2.4(Oh! my dear husband)

2.7K 213 10
                                    

"ကိုယ်ဝင်လာမယ်နော်အကောင်ပေါက်"

အန်ဒရူးဒလိုင်လာနှင့်တွေ့ပြီးသည်နှင့်အက်စတာအားချက်ချင်းလာတွေ့လိုက်သည်။တကယ်တော့အန်ဒရူးတွင်အက်စတာနှင့်ပြောစရာဘာစကားမှမရှိချေ။အက်စတာကိုတွေ့ချင်တာကြောင့်အကြောင်းမရှိအကြောင်းရှာနေခြင်းဖြစ်သည်။အခန်းထဲသို့ဝင်ပြီးသည်နှင့်မြင်လိုက်ရသောမြင်ကွင်းကြောင်းအန်ဒရူးနှာခေါင်းသွေးပင်လျှံမတက်ပင်။

အက်စတာကအခုမှရေချိုးပြီးတာကြောင့်တဘတ်၁ထည်သာခါးတွင်ပတ်ထားလေသည်။ကုတင်ထက်တွင်တော့အင်္ကျီကိုတင်ထားပြီးဘောင်းဘီတိုလေးအားကုန်းဝတ်နေချိန်တွင်အန်ဒရူးကဝင်လာခဲ့ခြင်းဖြစ်သည်။ရေချိုးပြီးခါစဖြစ်၍ဆပ်ပြာနံ့ခပ်သင်းသင်းလေးနှင့်အတူအက်စတာ၏Omega Pheromoneနံ့ဖြစ်သောစာရွက်အသစ်နံလေးကအခန်းထဲဝယ်သင်းပျံနေသည်။ရေစိုထား၍အချောင်းချောင်းဖြစ်ကာဝဲကျနေသောဆံသားများရေပူနှင့်ချိုးထားသည်ထင်နီရဲနေသောမျက်နှာသေးသေးလေးထက်ဝယ်နှာခေါင်းလုံးလုံးလေးကရဲမှည့်နေသောပန်းသီးလေးအလားတည်ရှိနေသည်။ထိုမှတစ်ဆင့်အောက်သို့ဆင်းလိုက်တော့ဗလာကျင်းနေသောအပေါ်ပိုင်းနှင့်အတူခပ်ရဲရဲနို့သီးခေါင်းလေးများကအန်ဒရူးအားရေငတ်စေသည်။

"ဂလု..."

တိတ်ဆိတ်​​နေသောအခန်းထဲဝယ်အန်ဒရူး၏တံတွေးမျိုချသံကကျယ်လောင်စွာထွက်ပေါ်လာသည်။ထို့​နောက်ချက်ချင်းပင်အန်ဒရူးက​ရေချိုးခန်းဆီသို့​ပြေး၀င်သွား​လေသည်။အက်စတာတားမည်ပြု​သော်လည်းအန်ဒရူးက​ရေချိုးခန်းဆီသို့၀င်သွား​ချေပြီ။အန်ဒရူး၁​ယောက်အိမ်သာတက်ချင်လို့​နေမှာပါဟူ၍အက်စတာအမှုမဲ့အမှတ်မဲ့ဖြင့်အင်္ကျီဆက်၀တ်​နေလိုက်သည်။

​​ရေချိုးခန်းထဲ၀င်လိုက်ခြင်းသည်အန်ဒရူးအတွက်မဟာအမှားကြီးပင်ဖြစ်သည်။အဘယ်​ကြောင့်ဆို​သော်အက်စတာ​ရေချိုးစဥ်တွင်Pheromoneများကိုအထိန်းအကွပ်မဲ့စွာထုတ်လွှင့်ထားတာ​ကြောင့်အခု​ရေချိုးခန်းထဲတွင်စာရွက်နံ့Pheromoneများကမွှန်ထူ​နေသည်။​အခန်းပြင်တွင်ရှိ​သောPheromoneများထက်​ရေချိုးခန်းတွင်တွင်အဆ၁၀၀ပြင်းထန်​နေရာအန်ဒရူးRutပင်၀င်​တော့မတက်ပင်။ထို့​ကြောင့်ဖု​ဖောင်း​နေ​သော​အောက်ပိုင်းကိုလျစ်လျူရှု၍အခန်းပြင်​ပြေးထွက်ရပြန်သည်။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now