Arc3.6(my emperor)

1.8K 148 4
                                    

"ခေါ်တော်မူတယ်ဆိုလို့ပါမယ်မယ်ဘုရား..."

"အင်း...ထိုင်ပါ"

ချင်ချန်ချိုးမယ်မယ်ဘုရားကအခေါ်လွှတ်တာကြောင့်မယ်မယ်ဘုရား၏နန်းဆောင်သို့လာခဲ့သည်။နန်းတော်ထဲစဝင်စဥ်ကမယ်မယ်ဘုရားကသူ့အား၁ကြိမ်ခေါ်တွေ့ခဲ့ဖူးပေသည်။မိမိ၏တောက်ပလွန်းသောကျူးရှားရစ်ကြောင့်မယ်မယ်ဘုရား၏အာရုံကိုအောင်မြင်စွာဆွဲဆောင်နိုင်ခဲ့သည်။လော့ဟန်ယွင်ကမိမိအားကိုယ်လုပ်တော်ခန့်အပ်ခဲ့ခြင်းမှာလည်းမယ်မယ်ကြီးကြောင့်ပင်။

မယ်မယ်ကြီးကတောက်ပလွန်းသောကျူးရှားရစ်ကြောင့်မွေးဖွားလာသောကလေးသည်ဥာဏ်ကောင်းမည့်သူဖြစ်နိုင်ချေမြင့်မားတာကြောင့်နောက်တက်မည့်ဧကရာဇ်လောင်းအားချန်ချင်ချိုးမှမွေးဖွားစေချင်သည်။ထို့ကြောင့်မယ်မယ်ကြီးကချန်ချင်ချိုးအပေါ်တွင်အရေးပေးပြီးချန်ချင်ချိုးကလည်းအဆင့်နိမ့်ကိုယ်လုပ်တော်သာဖြစ်သော်လည်းကြင်ယာတော်၁ပါးထက်ပင်မောက်မာစွာပြုမူလေ့ရှိသည်။

မယ်မယ်ကြီးကထိုကိစ္စကိုသိသော်ငြားမသိချင်ယောင်သာဆောင်ထားလေ့ရှိသည်။သို့သော်မကြာသေးခင်ကလော့ဟန်ယွင်ကကျန်းဝေယုံနှင့်အတူတူနေ့လည်စာစားကြသည်ဟုကောလဟာလများပျံ့လွင့်လာတာကြောင့်လော့ဟန်ယွင်အနားတွင်အနီးကပ်ခစားရသောကုန်းကုန်းအားမေးမြန်းခဲ့ရာအမှန်​ဖြစ်တာကြောင့်မယ်မယ်ကြီးဝမ်းမြောက်ရသည်။လော့ဟန်ယွင်၏မွေးမိခင်အရင်ဧကရီ​​ဟောင်းနတ်ရွာစံပြီးကတည်းကလော့ဟန်ယွင်အပေါ်သားအရင်း၁ယောက်လိုစောင့်ရှောက်ခဲ့သည်။

အခြားသူများအမြင်တွင်မယ်မယ်ကြီးသည်လော့ဟန်ယွင်အပေါ်တင်းကြပ်ပြီးသားအရင်း၁ယောက်လိုမဆက်ဆံဘဲလော့ဟန်ယွင်၏ကိစ္စတိုင်း၌ဧကရီဟောင်းဟူသောဂုဏ်ပုဒ်ဖြင့်လိုက်လံနှောက်ယှက်လေ့ရှိသည်ဟုထင်မြင်ကြသည်။တကယ်ကလော့ဟန်ယွင်၏မိခင်နှင့်မယ်မယ်ကြီးတို့သည်ညီမအရင်းအချာများလိုခင်မင်လှသောသူငယ်ချင်းကောင်းများဖြစ်ကြသည်။ထို့ကြောင့်လည်းအရင်ဧကရာဇ်ကမယ်မယ်ကြီးအားဧကရီမြှောက်ခဲ့ခြင်းပင်ဖြစ်သည်။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now