Arc3.9(my emperor)

1.5K 109 4
                                    

အတော်ကြာတိတ်ဆိတ်ပြီးသွားမှအားလုံးကြပြန်လည်အသိဝင်လာကြပြီးတစ်ချို့မျက်ရည်လွယ်သူကောများဆိုလျှင်မျက်ရည်တောင်ကျကြလေသည်။

^ဒီလူတွေဘာဖြစ်သွားကြတာလဲဟ^

^Hostရဲ့သီချင်းကြောင့်သူတို့ချစ်ရသူတွေရဲ့အကြောင်းကိုပြန်ပြီးမြင်ယောင်သွားကြတာပါ^

^ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ငါဆိုတဲ့သီချင်းကိုတောင်သူတို့နားလည်တာမလို့လား....^

^Hostရဲ့သီချင်းထက်ဂစ်တာကြောင့်ပါ။ဒီဂစ်တာကထွက်တဲ့သံစဥ်တွေကလူတွေရဲ့မှတ်ဥာဏ်ကိုပြန်ပြီးနှိုးစွပေးရုံမကဘဲHostရဲ့သီချင်းကိုပါနားလည်စေတာမလို့သူတို့အကုန်သီချင်းထဲနစ်ဝင်ကုန်တာပါ^

^မင်းကဒီဂစ်တာမှာအဲ့လိုအစွမ်းရှိမှာဘာလို့သောစောကမပြောတာလဲ^

^အဲ့တာကHostကမှမမေးတာပြီးတော့ဒီဂစ်တာကsystemရဲ့ပစ္စည်းလေ။systemကပေးတဲ့ပစ္စည်းတွေရဲ့အရည်အသွေးကိုဘယ်တော့မှအထင်မသေးပါနဲ့....^

^အေးပါကွာ^

တိတ်ဆိတ်မှုမှပထမဆုံးသတိ၀င်လာသူမှာလော့ဟန်ယွင်ဖြစ်ပြီးလော့ဟန်ယွင်ကပဲစတင်၍လက်ခုပ်တီးလိုက်ရာကျန်သူများမှာလည်းသတိ၀င်လာကြပြီးစတင်လက်ခုပ်တီးကြပြီး၁ကွင်းလုံးဆူညံသွားတော့သည်။

"မိဖုရားခေါင်ရဲ့တီးခတ်မှုနဲ့ဖျော်ဖြေမှုကအရမ်းကောင်းလွန်းလို့ကျုပ်ရဲ့ငယ်ချစ်ဦးကိုတောင်သတိရသွားပြီ"

"ကျုပ်လည်းပဲကျုပ်ရဲ့ပဏာမဇနီးနဲ့ကျုပ်တို့ရဲ့ငယ်ငယ်ကအချိန်ကိုပြန်သတိရသွားပြီဗျာ။ကျုပ်ရဲ့ဇနီးကိုတောင်အခုချက်ချင်းသွားတွေ့ချင်လိုက်တာ"

"ခုနကကိုယ်လုပ်တော်ချင်ရဲ့တီးခတ်မှုနဲ့ယှဥ်ရင်မိဖုရားခေါင်ရဲ့တီးခတ်မှုကယှဥ်လို့ကိုမရတာပါဗျာ။ကိုယ့်ထက်သာတဲ့သူကအမြဲရှိနေတယ်ဆိုတာမိဖုရားခေါင်ကသက်သေပြလိုက်တာပဲ"

"ဟုတ်ပါ့ဗျာ။မိဖုရားခေါင်နဲ့ယှဥ်ရင်ကိုယ်လုပ်တော်ချင်ကအခုမှဂီတကိုစလေ့လာနေတဲ့ကလေးသာသာပဲဖြစ်သွားတယ်"

"အမှန်ပဲ"

"ထောက်ခံပါတယ်"

‌"ကဲလင်ဗန်းကိုစားပြမယ်ဆိုတဲ့သူရေစားပြလို့ရပြီနော်"

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now