Arc2.2(Oh!My dear husband)

2.9K 230 4
                                    

အခန်း၏​လေထုသည်ပို၍ကသိက​​အောက်ဖြစ်လာ​လေသည်။ကလို၀ီက၀င်လာပြီးအန်ဒရူးအား​တွေ့သည်နှင့်သူမ၏မျက်နှာထက်၀ယ်မလိုလားသည့်အရိပ်အ​ယောင်​ပေါ်လာ​လေသည်။ထို့​နောက်၂​ယောက်သားမျက်နှာလွှဲလိုက်ကြ​လေသည်။ကလို၀ီကလက်ထဲကချိုင့်ကိုစားပွဲ​ပေါ်တင်ကာအန်ဒရူးနှင့်အ​ဝေးဆုံး​နေရာတွင်ထိုင်လိုက်သည်။

ကလို၀ီသည်Alphaဖြစ်တာ​ကြောင့်အရပ်ရှည်​လေသည်။မိန်းက​လေးဖြစ်​သော်လည်းအက်စတာထက်ပင်အရပ်ပိုရှည်သည်။မ​ဟော်ဂနီ​ရောင်ဆံပင်ဂုတ်​ထောက်နှင့်အပြာ​ရင့်​ရောင်မျက်၀န်းတို့ကလွန်စွာမှလိုက်ဖက်ညီလှသည်။စူးရှကာညို့ငင်​သောမျက်၀န်းတို့ကတဖက်လူကိုစွဲလမ်းသွား​စေရန်လုံ​​လောက်​ပေသည်။​ဖြောင့်ဆင်း​နေ​သောနှာတံမထူမပါးနှုတ်ခမ်းသားကိုအနီ​ရောင်​တောက်​တောက်ဆိုးထားပြီး​ခြေချိတ်ကာခါးကိုမတ်ထား၍ထိုင်​နေပုံမှာဘုရင်မ၁ပါးနှယ်။ကိုယ်ကြပ်အနက်​ရောင်၀တ်စုံကကလို၀ီ၏အမို့အ​မောက်တို့ကိုထင်ရှား​စေပြီးပုရိသတို့ကိုသမင်လည်ပြန်​ငေး​စေ​လောက်​သောအလှကိုပိုင်ဆိုင်ထား​လေသည်။

^ဇာတ်​ကြောင်းအရဆိုရင်ကလို၀ီကအန်ဒရူးကိုလူးကပ်စ်တို့အ​ကြောင်းသတိ​ပေးပြီးသွားပြီ...အန်ဒရူးကမယုံဘဲ၁​ယောက်ကို၁​ယောက်အထင်လွှဲ​နေကြတာ...^

Luffyကအလိုက်တသိအက်စတာအား​​ပြောပြ​လေသည်။

"မမနို့ဆန်ပြုတ်၀ယ်လာတယ်။ပူတုန်း​သောက်လိုက်​နော်..."

ကလို၀ီကချိုင့်ကိုဖြုတ်လိုက်ပြီး​ကြွေပန်းကန်ထဲဆန်ပြုတ်ကိုလှယ်ထည့်​ပေးသည်။နို့ဆန်ပြုတ်ကပြစ်နှစ်​နေကာနို့နံ့ခပ်သင်းသင်း​လေးကစားချင်စိတ်ကိုလှုံ့​ဆော်​နေသည်။ဆန်ပြုတ်အား၁ဇွန်းခပ်ကာစားလိုက်သည်။နို့အရသာစိမ့်စိမ့်​လေးနှင့်အနည်းငယ်ပါ​သောအချိုဓါတ်ကလွန်စွာမှစား​ကောင်း​လေသည်။အက်စတာလည်းပလို၀ီအားမျက်လုံးများ​မှေးသည်အထိပြုံးပြလိုက်ပြီးဆန်ပြုတ်ကိုကုန်သည်အထိစားလိုက်သည်။

အရင်အက်စတာ၏မှတ်ဥာဏ်အရကလို၀ီ၏​မောင်နှင့်သူသည်တ​ထေရာတည်းတူညီ​နေသည်။ထို့​ကြောင့်ကလို၀ီကအက်စတာကိုသည်းသည်းလှုပ်ချစ်ခင်​ပေသည်။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now