Arc3.4(my emperor)

1.9K 159 3
                                    

ကျန်း​ဝေယုံသည်ဆူပွက်စပြု​နေပြီဖြစ်​သောခရမ်းချဥ်သီးစွပ်ပြုတ်ပန်းပန်ထဲသို့​​မွှေထား​သောကြက်ဥများကိုဖြည်းဖြည်းချင်း​လောင်းထည့်လိုက်သည်။ထို့​နောက်ဆား၊ဟင်းခတ်အမှုန့်များထည့်ပြီး​နောက်လှီးထား​သောကြက်သွန်မြိတ်များကိုထည့်လိုက်ပြီးမီးဖို​ပေါ်မှချကာအဖုံးအုပ်ထားလိုက်သည်။

ထို့နောက်ပြုတ်ထား၀က်နံရိုးများကိုဆယ်လိုက်ပြီး​ရေ​ခြောက်​အောက်စက္ကူဖြင့်သုတ်လိုက်သည်။တစ်သျှူးဖြင့်သုတ်ပါကပို​ကောင်း​သော်လည်း​ရှေး​ခေတ်တွင်တစ်သျှူးမရှိသည့်အတွက်စက္ကူကိုသာအစားထိုးလိုက်သည်။၀က်နံရိုးများကိုအ​ကြော်မှုန့်အစားဂျုံကပ်၍နီရဲလာသည်အထိ​ကြော်လိုက်သည်။

ဆီသံတရှဲရှဲမြည်ပြီး​နောက်​မွှေးပျံ့​သောအသား​ကြော်ရနံ့က​လေထဲတွင်ပျံ့လွင့်လာ​လေသည်။အားလုံးက​လေထဲတွင်ပျံ့နှံ့လာ​သောရနံ့အားတရှုံ့ရှုံ့ဖြင့်ရှူရှိုက်လိုက်ကြသည်။အသား​ကြော်ရနံ့သည်စားဖို​ဆောင်တွင်သာမကစားဖို​ဆောင်ပတ်ပတ်လည်တိုင်​အောင်ပျံ့နှံ့သွား​လေသည်။

၀က်နံရိုးများအားလုံး​ရွှေ​ရောင်သမ်းလာ​သောအခါဆီစစ်ထားလိုက်ပြီးဒယ်အိုး​နောက်၁လုံးယူကာရှာလကာရည်၊သကြား၊ဟင်ခတ်အ​မွှေးအကြိုင်၊၀က်နံရိုး​ကြော်ထား​သောဆီအနည်းငယ်နှင့်ငရုတ်သီးအနှစ်များထည့်ကာ​ဆော့စ်ကိုလုပ်လိုက်သည်။ထို့​နောက်ပန်းကန်ပြားထဲတွင်အစီစီအရီရီထည့်ထား​သော၀က်နံရိုးကြော်များထဲသို့​လောင်းချလိုက်ပြီးအ​ပေါ်မှကြက်သွန်မြိတ်ကိုဖြူးလိုက်​လေသည်။

အားလုံးပြီးသွား​သောအခါကြက်ဥထမင်း​ကြော်၊၀က်နံရိုးချိုချဥ်​ကြော်နှင့်ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ်တို့ကိုချက်ပြုတ်ပြီးစီးသွား​တော့သည်။Systemမှသင်ထား​သောပညာရပ်ဖြစ်၍အရသာမှာလုံး၀ကိုပြိုင်ဘက်ကင်းပင်။

ထို့​နောက်အနားတွင်ရှိ​သောစုရီရီနှင့်သွားရည်များကျ​နေပြီးဟင်းပန်ကန်များအား​တောက်ပ​နေ​သောမျက်လုံးများဖြင့်ကြည့်​နေ​သော​တော်၀င်စားဖိုမှူးအားမြင်ပြီး​နောက်ကျန်း​ဝေယုံမျက်လုံးများလှိမ့်လိုက်သည်။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now