Arc3.12(my emperor)

796 56 4
                                    

ကျန်းဝေယုံကိုယ်ကိုကိုယ်ယုံကြည်မှုလွန်ကဲနေဖြင်းမဟုတ်ပေ။ယခုအဆင့်နဲ့ဆိုလျှင်တတိယမင်းသားနှင်မြယှဉ်နိုင်သေးပေ။သူတတ်ထားသည်မှာအခြေခံဓားရေးသာဖြစ်ပြီးတတိယမင်းသားနှင့်တော့မယှဉ်နိုင်သေးပေ။သားရဲနတတ်ဆိုးမျက်လုံးဓားနှင့်ဆိုလျှင်နိုင်ဖို့အခွင့်အရေးကသိပ်မရှိပေ။သားရဲနတ်ဆိုးမျက်လုံးဓားကအစွမ်းမထက်လို့မဟုတ်ဘဲသူကိုယ်တိုင်ကအားနည်းလွန်းနေ၍ဖြစ်သည်။သို့သော်သူ့ထံတွင်ဝှက်ဖဲ၁ခုရှိပေသည်။

လွန်ခဲ့သော၂ပတ်ခန့်က.....

ကျန်းဝေယုံအခုရောက်နေသောနေရာမှာသူနှင့်မစိမ်းသက်ပေ။ဤနေရာကိုသူရောက်ဖူးပေသည်။သားရဲနတ်ဆိုးမျက်လုံးဓားကိုလက်ခံရယူချိန်တွင်သူဤနေရာသို့ရောက်ခဲ့ရပေသည်။ထိုအချိန်ကနည်းတူလူသေအလောင်းများကတောင်လိုပုံနေပြီးသွေးများလည်းမြစ်ချောင်းများအလားစီးဆင်းနေပေသည်။

သူရပ်နေသောနေရာမှာအရင်ကနေရာမဟုတ်တော့ဘဲအရင်တစ်ခါကတွေ့ခဲ့သည့်မျက်လုံးများနီရဲနေသောလူငယ်လေးထိုင်နေသည့်ပလ္လင်ပေါ်တွင်အခန်းသားထိုင်နေမိခြင်းဖြစ်သည်။နက်မှောင်ကာမကောင်းသောအငွေ့အသက်များဖုံးလွှမ်းနေသောမီးခိုးငွေ့ထဲတွင်နီရဲနေသောမျက်လုံးနှစ်လုံးကလူသတ်ငွေ့များလှိုင်းထနေသောမီးခိုးလုံးတစ်လုံးနှင့်တူသူ့အားဝန်းရံလျက်ရှိသည်။

"ငါတို့နောက်တစ်ခေါက်တွေ့ကြပြန်ပြီနော်.."

ထိုမီးခိုးလုံးဆီမှအက်ရှရှအသံကကြက်သီးထဖွယ်ထွက်ပေါ်လာလေသည်။ထိုအသံကြောင့်ကျန်းဝေယုံကြက်သီးများထလာပြီး၁ကိုယ်လုံးတုန်ယင်လာမိသည်။Vampireဘဝနှင့်omegaဘဝနှစ်ဘဝကိုဖြတ်သန်းလာပြီဖြစ်သော်လည်းဤမှလောက်ကြောက်ရွံခြင်းမျိုးတစ်ခါမှမဖြစ်ခဲ့ဖူးပေ။

"မင်း...မင်းကဘယ်သူလဲ"

"ငါကမင်းလေ......"

"ဘာ...ဘာတွေလာပြောနေတာလဲ"

"မကြောက်ပါနဲ့...ငါကမင်းကိုဘာမှလုပ်မှာမဟုတ်လို့မမကြောက်နဲ့..ပြီးတော့သူတို့ကကြောက်တာကိုအာရုံခံနိုင်စွမ်းအရမ်းမြင့်တာ.."

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now