Arc3.15.A(my emperor)

638 28 2
                                    

ကျန်းဝေယုံလော့ဟန်ယွင်အားသနားစဖွယ်မော့ကြည့်ရင်းလော့ဟန်ယွင်၏တည်တင်းသောမျက်နှာအားပြေလျော့သွားစေရန်မည်သို့လုပ်ရမည်ကိုအလျင်အမြန်တွေးနေရသည်။ဖြစ်ပုံမှာတတိယမင်းသားသည်လော့ဟန်ယွင်ကိုပုန်ကန်သွားကာလူရိုင်းမျိုးနွယ်စုနှင့်ပူးပေါင်းခဲ့သည်။ထိုကိစ္စဖြစ်ပြီးသိပ်မကြာခင်မှာပဲလူရိုင်းမျိုးနွယ်စုကလော့တိုင်းပြည်၏နယ်စပ်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ဒီတစ်ကြိမ်တိုက်ပွဲသည်ပြင်းထန်တာကြောင့်လော့ဟန်ယွင်ကိုယ်တိုင်စစ်ချီရသည်။

ကျန်းဝေယုံသည်လည်းထိုကိစ္စကိုluffyဆီမှသိခဲ့တာကြောင့်စစ်ချီသည်ကိုလိုက်ပါချင်သည်ဟုလော့ဟန်ယွင်အားပူဆာခဲ့သည်။သို့သော်လော့ဟန်ယွင်သည်အန္တရာယ်များနှင့်ပြည့်နှက်နေသောစစ်ပွဲကိုနေရာမျိုးကို မိမိ၏ကောလေးအားခေါ်ရက်မည်တဲ့လား။စစ်ပွဲမဆိုထားနှင့်နယ်စပ်ဆီသို့သွားရသောခရီးသည်ကပင်အလွန်ကြမ်းတမ်းနေပြဖြစ်သည်။ထို့ကြောင့်တစ်ချိန်လုံးမိမိအားနားပူတိုက်ကာအမျိုးမျိုးမြူစွယ်မှုများကိုကြံကြံခံကာလော့ဟန်ယွင်သည်ကျန်းဝေယုံအားချန်ထားခဲ့သည်။သို့သော်ဘယ်သူကဤရဲတင်းလွန်းသောကောလေးသည်သူ၏အနီးကပ်အစေခံနှင့်အတူစစ်ချီရာဆီသို့ခိုးလိုက်လာမည်ဟုထင်မည်နည်း။

နန်းတော်နှင့်အရမ်းကြီးဝေးသွားပြီမဟုတ်သော်လည်းခိုးလိုက်လာသောကောလေးကမိမိပြန်ခိုင်းလည်းလိမ်လိမ်မာမာနှင့်ပြန်မည့်သူမဟုတ်ပေ။မိမိကိုယ်တိုင်ပြန်လိုက်ပို့ပါကလည်းခရီးကိုဖင့်စေမည်ဖြစ်တာကြောင့်လော့ဟန်ယွင်မှာကျန်းဝေယုံအားခေါ်သွားဖို့သာဆုံးဖြတ်လိုက်ရသည်။နယ်စပ်သို့ရောက်မှသာမြို့တစ်မြို့တွင်ဤကောလေးအားထားခဲ့ရန်လည်းဆုံးဖြတ်ထားလိုက်သည်။

လော့ဟန်ယွင်အနေဖြင့်ကျန်းဝေယုံအားလိုက်ပါခွင့်ပြုရသည့်အကြောင်းအရင်းရှိပေသည်။ကျန်းဝေယုံအားဓါးရေးသင်ပေးသူမှာမိမိသာဖြစ်၍ကျန်းဝေယုံ၏အရည်အချင်းအားကောင်းကောင်းသိပေသည်။ထို့ကြောင့်ထိုနေ့ကတတိယမင်းသားနှင့်လက်ရည်တူတိုက်ခိုက်နိုင်သည်မှာမဖြစ်နိုင်ပေ။ထိုကိစ္စအတွက်အကြောင်းပြချက်ရှိသင့်ပေသည်။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now