Arc1.3(My lord vampire)

3.7K 292 0
                                    

(Fic​တွေကတကယ်မယုံရဘူး)

ရှင်သခင်Ceoရုံးခန်းတွင်ထိုင်ကာစာရင်းများကို​ခေါင်းမီး​တောက်မတက်စစ်​နေရသည်။သူအရင်လကပဲဇာတ်လိုက်နှင့်ပြိုင်ဘက်ကုမ္ပဏီကို၀ယ်ခဲ့တာဖြစ်သည်။Vampireနန်း​တော်ထဲတွင်းရတနာပစ္စည်းများကပုံအော​နေသည်မလို့သူ့အတွက်ကုမ္ပဏီ၁ခုကို၀ယ်ရသည်မှာလွယ်ကူလွန်းလှသည်။သူဒီကုမ္ပဏီကို၀ယ်ရတဲ့အဓိကရည်ရွယ်ချက်ကဇာတ်လိုက်ကိုနှောင့်ယှက်ဖို့သာဖြစ်၍ဇာတ်လိုက်၀ယ်မဲ့​မြေများအ​ဆောက်အဦးများကိုဖြတ်လုကာ၀ယ်​လေ့ရှိသည်။ထို့အပြင်systemဆီမှသင်လာ​​သောစီးပွား​ရေးပညာကအဆင့်မြင့်လွန်းတာ​ကြောင့်သူ့အတွက်အရှုံး​ပေါ်သည်ဟုမရှိဘဲကုမ္ပဏီက​တော်​တော်​လေးတိုးတက်လာသည်။

အခုဆိုသူ့ရဲ့side mission၁ခုကပြီးသွားပြီဖြစ်ရာMain missionဖြစ်​သောဇာတ်လိုက်နှင့်ဇာတ်လိုက်မကိုလက်စား​ချေဖို့နဲ့vampireမျိုးနွယ်မပျက်သုဥ်းဖို့သာကျန်​တော့သည်။ဇာတ်လိုက်နှင့်ဇာတ်လိုက်မကိုလက်စား​ချေလိုက်တာနဲ့Vampireမျိုးနွယ်ကိုကယ်တင်ပြီးသားဖြစ်၍အဲ့အတွက်ကသိပ်ဒုက္ခမ​ရောက်​ပေ။ပိုဒုက္ခ​ရောက်တာက​နောက်ထပ်side missionဖြစ်​သောvampireမျိုးနွယ်ရဲ့အရှင်သခင်ကိုသူ့ဘက်ပါ​အောင်ဆွဲ​ဆောင်ဖို့ဖြစ်သည်။​သွေးနီ​ရောင်လကဘယ်​တော့သာမလဲသူမသိ​ပေ။vampireနန်း​တော်ထဲရှိစာအုပ်များတွင်​ဖော်ပြထားသည်က​တော့Vampireအရှင်သခင်က​သွေးနီ​ရောင်လသာစဥ်မှာ​မွေးဖွားခဲ့တာ​ကြောင့်အစွမ်းအထက်ဆုံးဖြစ်​နေတာဖြစ်သည်။ထို့အပြင်​သွေးနီ​ရောင်လ၁ခါသာဖို့ကနှစ်​ပေါင်၁​သောင်းကြာသည်။​သွေးနီ​ရောင်လသာခြင်းဟူသည်ကလူများအမြင်တွင်​တော့လကြတ်ခြင်းပင်ဖြစ်သည်။လကြတ်တိုင်း​သွေးနီ​ရောင်လသာတာမဟုတ်​ပေမဲ့​သွေးနီ​ရောင်လသာတာကလကြတ်ပုံနှင့်ဆင်တူသည်။

"Luffy..."

"ရှိပါတယ်Host..."

"​သွေးနီ​ရောင်လကဘယ်​တော့သာမှာလဲမင်းသိလား"

"မသိပါဘူး"

ရှင်သခင်၏​မျှော်လင့်ချက်​လေးသည်​ရေထဲသို့ပလုံဟုဆိုကာပြုတ်ကျသွား​တော့သည်။ဘယ်လိုမှစဥ်းစားမရသည့်အဆုံးLuffyအား​မေးလိုက်​ပေမဲ့သ​ကောင့်သား​လေးကဘယ်​နေရာမှသုံးစားမရ​ပေ။သူတတ်တာဆိုလို့ကိုယ့်Hostကိုဘယ်လိုဖဲ့မယ်ဆိုတာပဲတတ်​လေသည်။fic​တွေကတကယ်ကိုမယုံရတာပဲ။ရှင်သခင်Missionကိုဘယ်လိုဆက်လုပ်ရမလဲမသိလို့လမ်း​ပျောက်​နေစဥ်တည်ကြည်​သောစက်ရုပ်အသံကထွက်​ပေါ်လာ​လေသည်။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now