Arc3.13.A(my emperor)

791 60 1
                                    

လူအုပ်ကြီး၁ခုလုံးအပ်ကျသံမကြားသည်အထိတိတ်ဆိတ်သွားကာကျန်းဝေယုံသည်လည်းမိမ်ကိုယ်တိုင်တောင်မယုံနိုင်သည်အထိအံဩသွားမိသည်။တတိယမင်းသားအားဒဏ်ရာရစေရန်လုပ်နိုင်မည်ဟုသူမမျှော်လင့်ထားခဲ့ပေ။ရင်ဘတ်ထဲစိုက်ဝင်နေသောဓားအားအလျင်အမြန်ပင်ပြန်ဆွဲထုတ်လိုက်သည်။

တတိယမင်းသားကတော့အခုထိကျောက်ရုပ်အလားငြိမ်သက်နေဆဲဖြစ်ကာကျန်းဝေယုံဓားအားဆွဲထုတ်လိုက်မှသာသတိဝင်လာဟန်တူသည်။တတိယမင်းသားဒေါသတော်တော်ထွက်သွားဟန်တူသည်မေရိုးများကိုတင်းနေအောင်အံကြိတ်လိုက်ပြီးလက်ထဲမှဓားအားဆုပ်တိုင်ထားသည်မှာဓားပင်တဆတ်ဆတ်တုန်ယင်လာပြီဖြစ်သည်။

ထို့နောက်တွင်တော့တတိယမင်းသားသည်ကျန်းဝေယုံအားလုံးဝညှာတာခြင်းမရှိတိုက်ခိုက်လိုက်လေသည်။ကျန်းဝေယုံထိုတိုက်ချက်ကိုမြင်လိုက်သော်လည်းကာကွယ်ရန်အားမရှိတော့ပေ။နောက်ဆုံးတိုက်ခိုက်ချက်ပြီးကတည်းကနတ်ဆိုးသားရဲမျက်လုံးဓားကသူ့တွင်ရှိသောအားများကိုစုပ်ယူသွားသလိုခံစားရပြီးမတ်တပ်ပင်မနည်းရပ်နေရသည်။

မိမိထံကျရောက်လာတော့မည့်ဓားချက်ကိုရှောင်တိမ်းနိုင်ခြင်းလည်းမရှိသလိုကာလည်းမကာကွယ်နိုင်တာကြောင်စိတ်ပျက်လက်ပျက်သာဓားချက်အားခံယူရန်မျက်လုံးမှိတ်ထားလိုက်တော့သည်။

*ငါဒီလိုနဲ့သေသွားတော့မှာလား...Missionလည်းမပြီးသေးဘူး...ဒါနဲ့..မောင်ရော...မောင်ကငါသေသွားရင်သေချာပေါက်တတိယမင်းသားကိုသတ်မှာဘဲ...ငါ​သေသွားရင်မောင်ငိုများနေမလား...ဒါနဲ့တတိယမင်းသားရဲ့ဓားချက်ကကြာလိုက်တာ...*

*ကြာမှာပေါ့...မျက်လုံးလေးဘာလေးလဲဖွင့်ကြည့်ဦးHost..Hostလင်ကြီးရောက်နေပြီလေ..*

Luffyအပြောကြောင့်ကျန်းဝေယုံမျက်လုံးအားဖွင့်ကြည့်လိုက်ရာမောင်ကတတိယမင်းသား၏ဓားချက်အားအသာအယာပင်ကာလိုက်သည်ကိုတွေ့လိုက်ရသည်။ထို့နောက်တတိယမင်းသားအား၁ချက်တည်းဖြင့်ကန်ထုတ်လိုက်သည်။အစကတည်းကကျန်းဝေယုံ၏ဓားချက်ကိုခံထားရသောတတိယမင်းသားသည်လော့ဟန်ယွင်၏အားပါလှသောကန်ချက်ကိုလုံးဝခုခံနိုင်ခြင်းမရှိဘဲကွင်းအပြင်ဘက်သို့လွင့်ထွက်သွားလေသည်။လော့ဟန်ယွင်သည်တတိယမင်းသားဒဏ်ရာရထားသော်လည်းကန်ချက်ကိုလုံးဝညှာတာထားခြင်းမရှိပေ။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now