Arc3.2(My emperor)

1.9K 144 4
                                    

(​သောကြာ​နေ့presentationရှိတာမလို့​နောက်၁ပတ်မှအပိုင်းသစ်ကိုupပါမယ်။updateကြာနေမှာစိုးလို့ဒါ​လေးကအ​ပြေးလာup​ပေးတာ)

ကျန်း​ဝေယုံ​ရေချိုးပြီး​နောက်အနက်ရောင်ရှေး​ခေတ်တရုတ်၀တ်စုံအား၀တ်လိုက်သည်။တခြား​ကောများကမျက်နှာ​ချေများလိမ်းချယ်​လေ့ရှိ​သော်လည်းကျန်း​ဝေယုံက​တော့အလုပ်ရှုပ်၍လိမ်းမ​နေ​တော့။မူကကိုယ်ကဘာမှမလိမ်းရင်​တောင်​ချောပြီးသားဖြစ်သည်။ထို့​နောက်ဇာပုဝါအနက်ရောင်​လေးအားမျက်နှာတွင်အုပ်ကာလိုက်သည်။

ထို့​နောက်စုရီရီအား​ခေါ်ကာဇာတ်လိုက်မနှင့်​တွေ့မည့်​တော်၀င်ဥယျာဥ်ဆီသို့ထွက်ခဲ့လိုက်သည်။ကျန်း​ဝေယုံ၏အ​ဆောင်သည်နန်း​တော်၏​​ထောင့်စွန်းတွင်တည်ရှိပြီး​အ​ဆောင်​ဘေးတွင်​တော့​တောအုပ်အ​သေးစား​လေးနှင့်​ရေကန်တို့ရှိ​လေသည်။မူလကျန်း​ဝေယုံကမိမိ၏ရုပ်ကိုလူအမြင်မခံနိုင်တာ​ကြောင့်လူများနှင့်အဆက်အဆံသိပ်မလုပ်​ပေ။ထို့​ကြောင့်ထိုသို့​ဝေးကွာလွန်းပြီးလူအ​ရောက်အ​ပေါက်နည်း​သောနန်း​ဆောင်ကိုတမင်သပ်သပ်​ရွေးချယ်ထားခြင်းဖြစ်သည်။

နန်း​တော်သည်ကျယ်လွန်းတာ​​ကြောင့်​တော်၀င်ဥယျာဥ်ဆီ​ရောက်ဖို့ပင်နာရီ၀က်ခန့်လမ်း​လျှောက်ရ​ပေသည်။ဥယျာဥ်ဆီသို့​ရောက်သည်နှင့်​လက်ဖက်ရည်​သောက်ရာကျောက်နန်း​ဆောင်​သေး​သေး​လေးတွင်၀င်ထိုင်လိုက်သည်။စုရီရီက​တော့မိမိနှင့်မလှမ်းမကမ်းတွင်ရပ်​စောင့်​နေ​ပေသည်။

^Luffy...^

^ရှိပါတယ်Host....^

^ဇာတ်လိုက်မနဲ့ဒီ​နေရာမှာ​တွေ့တာ​သေချာလား^

^​သေချာပါတယ်Host...မူလပိုင်ရှင်က၁ပတ်ကို၁ခါ​လောက်​တော်၀င်ဥယျာဥ်ကိုလာ​လေ့ရှိပါတယ်။သူ့အ​ဆောင်မှာလည်းဥယျာဥ်​သေး​သေး​လေးရှိ​ပေမဲ့​တော်၀င်ဥယျာဥ်ကကျန်း​တိုင်းပြည်ကဥယျာဥ်နဲ့တူတာမလို့ဒီကိုအမြဲလာ​နေကျပါ^

ကျန်း​ဝေယုံလည်းအ​ရှေ့မှလက်ဖက်ရည်အား၁ငုံ​သောက်လိုက်ပြီးဇာတ်လိုက်မအလာကိုစိတ်ရှည်ရှည်နှင့်ထိုင်​​စောင့်​နေ​လိုက်သည်။သိပ်မကြာလိုက်ပါဇာတ်လိုက်မသည်​​ရွှေအို​ရောင်၀တ်ရုံဖြင့်​ရောက်လာ​လေသည်။မူလကိုယ်ကမိဖုရား​ခေါင်ဖြစ်​သော်လည်းလည်ပင်းတွင်ဆွဲထား​သောသလင်း​ကျောက်အ​သေး​လေးမှလွဲ၍လက်၀တ်ရတနာဟူ၍လုံး၀မရှိ​ပေ။

ကျွန်​တော့်systemကပျက်​နေတယ်Where stories live. Discover now