P(1)

2.3K 97 3
                                    

Unicode+

နေ့ရောညပါ အသွားအလာမပြတ်တဲ့ Seoulမြို့၏အဝေးပြေးလမ်းမကြီးတွင် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသောကားလေး တစ်စင်း..

ထိုကားပေါ်တွင်  ပဋိပက္ခဖြစ်ပွားနေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး..။
ကားနောက်ခန်းတွင် ထိုင်နေသော အမျိုးသမီးကြီး၏ မျက်နှာမှာလဲ အပျက်ပျက်အယွင်းယွင်း...။

"ဘာလို့ ဒီလောက်အထိလုပ်ရက်ရတာလဲ"

"..."

"မေးနေတယ်လေ ဘာလို့လဲလို့"

"ဖောက်ပြန်မှန်းသိနေရင်လည်း မုန်းလိုက်ပါလား..၊ဘာလို့များ မေးနေရသေးတာလဲ.."

"ပါ့ခ်မိုယွန်!..."

သူ့စိတ်တွေ ဘယ်လောက်ထိတိုနေလဲဆိုရင် စတီယာရင်ကိုကိုင်ထားတဲ့ လက်တို့က အကြောထင်းထင်းတွေတောင် ပေါက်ထွက်တော့မတတ်...

ဒီအခြေအနေကိုရောက်နေပေမဲ့လည်း နောက်ပါးက အမျိုးသမီးထံမှ စကားတစ်ခွန်းထွက်မလာသေး..။

"အရမ်းသိချင်နေတာလား Jay..ပြောပြမယ်
ကျွန်မကို ရှင့်ထက်ပိုပြီးဂရုစိုက်တယ်၊ ကျွန်မရဲ့ စိတ်ခံစားချက်အားလုံးကို နားလည်ပေးနိုင်တယ်၊ကျွန်မသူ့ကို လိုအပ်နေတဲ့အချိန်တိုင်း အနားမှာအမြဲတမ်းရှိနေပေးတယ်၊ရှင့်လို အလုပ်ကိုပဲ ချစ်နေတဲ့လူမဟုတ်ဘူး။"

'တော်တော့ မိုယွန်..ခုဘယ်သူ့ဘက်ကမှားနေတယ်ဆိုတာရော နင်သိသေးရဲ့လား'

နောက်ခန်းမှ ထွက်လာတဲ့စကားသံ

"မေ‌မေ သမီးတို့ပြဿနာထဲဝင်မပါပါနဲ့..
အလကားလူ..ကိုယ့်ချစ်သူတစ်ယောက်လုံးကို တောင် အချိန်မပေးနိုင်တဲ့သူမျိုးကို ကျွန်မမရွေးချယ်နိုင်ဘူး၊ သူ့ရဲ့အားသာချက်တွေအားလုံးကို ပြောပြရမယ်ဆိုရင် ရှင်လဲသေသွားလိမ့်မယ်Park Jay"

"ခုငါလုပ်နေတဲ့ အရာတွေအားလုံးက မင်းနဲ့ငါ့အတွက်ပဲလေ..။မင်းရော ငါ့ကိုနားလည်ပေးလို့လား?ဟမ်.. မင်းအတွက်ပဲ မင်းကြည့်နေခဲ့တာမဟုတ်ဘူးလား.."

ဟူး.......

Jayလေပူတို့အား ခပ်ပြင်းပြင်းထုတ်လိုက်ရင်း  စိတ်ကိုလျှော့ချလိုက်သည်၊ ဒီကိစ္စမှာ သူစိတ်အေးနေဖို့ လိုတယ်လေ..

𝗖𝗥𝗬𝗣𝗧𝗜𝗖 Where stories live. Discover now