Ending

1.3K 60 4
                                    

"ပျော်လား ရှင်းခွေးပေါက်..."

"ငါ့ပုံစံက မပျော်တဲ့ပုံပေါက်နေလို့လားဟ"

ဟိုဘက်ဒီဘက်အား ခေါက်တုန့်ခေါက်ပြန်လျှောက်နေတဲ့ သတို့သားဝတ်စုံနှင့်Jaeyunက
ပျော်တာရောစိတ်လှုပ်ရှားတာရောကြောင့် ထိုင်မရထမရဖြစ်နေတာကို Jayမလှောင်ရက်ပါ။Jaeyunနေရာမှာ သူဆိုရင်လည်းဒီလိုပဲဖြစ်နေမယ်ထင်သည်..။.

"ငါနောက်ဆုံး‌အနေနဲ့မေးမယ်Jaeyun...
မင်းသူ့ကို
တကယ်ချစ်တာလား"

"ခက်ပါရောလားPark Jongseong ရယ်။
ချစ်လို့မှ မိသားဖသားပီပီတင်တောင်းပြီး
လက်ထပ်တာပေါ့
မင်းသိလား ရှေ့ဆက်ရမဲ့နေ့တွေအတွက်
သူ့ကိုငါ့အနားမှာရှိ‌နေစေချင်တယ်Jongseong..."

"အေးပါ..
ဖွဲ့နွဲ့နေလိုက်တာများသူပဲအချစ်တတ်ဆုံးကြီးကျလို့"

"အချစ်.. Jaeyun ကိုခန်းမထဲဝင်ခဲ့လို့ရပြီလို့ပြောလိုက်အုံး"

"အော်..ဟုတ်ပြီ..ကဲ လာ ရှင်းခွေးပေါက်.."

Jaeyunအိပ်ကပ်ထဲကိုနှင်းဆီဖြူတစ်ပွင့်
ထိုးပေးလိုက်ရင်းနှစ်ယောက်သား ခန်းမဆီထွက်လာခဲ့ပြီး သူ့ကိုလျှောက်လမ်းမှာထားခဲ့ကာ Sunghoon ရှိတဲ့ဝိုင်းမှာဝင်ထိုင်တော့ သမီးလေးက ပေါင်ပေါ်မှာတက်ထိုင်လာသည်...

"ဖေဖေ...ဦးဦးရှင်းက အဲပေါ်မှာဘာတက်လုပ်နေတာလဲဟင်..."

လက်ညှိုးသေးသေးလေးနဲ့ Jaeyunရပ်နေတဲ့နေရာကိုညွှန်ပြကာမေးလာတဲ့ သမီးလေးရဲ့ဆံပင်အိအိလေးတွေကို Jayခပ်ဖွဖွနမ်းရှိုက်လိုက်ရင်း...

"ဦးဦးရှင်းက သူချစ်တဲ့သူကိုအဲနေရာမှာစောင့်နေတာ သမီးရဲ့"

"ဟို..ပါးချိုင့်အကြီးကြီးတွေနဲ့အန်တီကို‌စောင့်နေတာ ဟုတ်တယ်မလားဒယ်ဒီ..."

သမီးကဘေးမှာထိုင်နေတဲ့Sunghoonကိုကြည့်ပြီးမေးတော့ ခေါင်းညိမ့်ကာပြုံးပြကာ

"သမီးဖေဖေကိုလည်း ဒယ်ဒီကအခုဦးဦးရှင်းစောင့်နေသလိုမျိုး စောင့်ခဲ့ရတာလေ"

"မေးလား...Park Hae-seong သမီးဒယ်ဒီ‌ကိုအဲမေးခွန်းမေးလိုက်လို့လား။
ဦးဦးတော့ မကြားမိဘူးနော် ဝန်းငယ်ရောကြားလား"

𝗖𝗥𝗬𝗣𝗧𝗜𝗖 Where stories live. Discover now