P(3)

917 86 5
                                    

Uni+

Jayဒီနေ့ အစောကြီးနိုးနေသည်...သူတစ်ယောက်ထဲမဟုတ်Jakeရောပဲ၊ဒီနေ့က
သူတို့အတွက် အရေးကြီးတဲ့နေ့တစ်နေ့ပဲလေ

အဖြူရောင် shirtလက်ရှည်အပါးလေးနဲ့ jean pantလေးကို ဝတ်ဆင်လိုက်တဲ့Jayက ပြီးပြည့်စုံတာထက်ကို ပိုပြီး ပြည့်စုံနေတာ

'ကြောင်စုတ် ပြီးပြီလား'

အခန်းဝမှာ ရပ်‌‌ စောင့်ရင်း‌‌ေပြာလာတဲ့ Jake....

သူလည်းအဖြူဝတ်စုံလေးနဲ့ပဲ... ဒီနေ့ကနှစ်ရောက်လုံးရဲ့ အားလပ်ရက်၊ပြီးတော့ သွားစရာနေရာလည်း ရှိနေ‌သေးတယ်။

'ပြီးပါပြီ ရှင်းခွေးပေါက်ရယ်...မင်းကလေတစ်နေ့တခြား အဖွားကြီးအိုနဲ့တောင်တူလာပြီ။အဲဒါကြောင့် မာမီလေးနဲ့ မတည့်တာ'

'နောက်ကျနေမှာဆိုးလို့ပါကွာ
မာမီလေးနဲ့ကမတည့်တာမဟုတ်ဘူး
ငါကသူအရွယ်ရလာလို့ အစားအသောက်ဆင်ခြင်ပါ၊ ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပါလို့ပြောတာကို သူကနားမထောင်ဘူးလေ
အပျင်းတစ်နေတာ'

'အဲလိုနဲ့ ရန်ဖြစ်ကြအုံးမှာလေ'

မာမီလေးဆိုတာ Jakeရဲ့ stepmother..
Jake ၂နှစ်သားအရွယ်မှာ သူ့အဖေနဲ့အမေက ကွာရှင်းခဲ့ကြသည်။အဲဒီနောက် Jakeအဖေက သူ့ငယ်ချစ်ဦး(မာမီလေး)နဲ့ လက်ထပ်ခဲ့သည်။

Jakeကို မာမီလေးကသွေးသားရင်းတစ်ယောက်လို သိပ်ကိုချစ်ရှာသည်။
ကိုယ်တိုင်က ကလေးမရနိုင်တာလည်း မဟုတ်ပါပဲ Jakeကိုသာ သားအရင်းလေးလို မေတ္တာတွေ ပေးခဲ့တဲ့ မာမီလေးကို Jakeက သူ့မိခင်လို့ပဲ သိထားခဲ့သည်။

jakeအသက်၁၇နှစ် လောက်မှာမာမီလေးက သူ့အမေမဟုတ်ဘူးဆိုတာ သိလိုက်ရတော့ ရှိုက်ကြီးတငင်နဲ့ကို ငိုခဲ့သေးသည်။မာမီလေးကိုလည်း တစ်လလောက် အဆက်အသွယ်လည်းမလုပ်၊အိမ်လည်းမပြန်ပဲနဲ့ ခုသူတို့အတူတူနေတဲ့ အိမ်မှာသောင်တင်နေခဲ့သည်။

မာမီလေးက Jakeကိုတကယ် ချစ်တာ
Jakeအိမ်ပြန်မလာတဲ့ နေ့ကစပြီး အိပ်ယာထဲလဲတဲ့ အထိကိုခံစားခဲ့ရသည်။Jakeလည်း မခံစားနနိုင်တဲ့အဆုံး မာမီလေးကိုတောင်းပန်ကာ ပြဿနာတွေကို ‌ကျေအေးခဲ့တာကြောင့် သူတို့မိသားစုက အရင်လိုပဲပျော်ပျော်ရွှင်ရွှင်...

𝗖𝗥𝗬𝗣𝗧𝗜𝗖 Where stories live. Discover now