P(10)

609 62 8
                                    

'Park Sunghoonအခုချက်ချင်းလာခဲ့စမ်း!!'

ပြာလဲ့လဲ့စက်ဘီးလေးက ကျွီ!ခနဲ ဘရိတ်အုပ်သံနဲ့အတူ ထီမထင်နဲ့မျက်နှာဘေးကို လုပ်ကာဝင်လာတဲ့ တစ်ယောက်သောသူကြောင့်
ပူ‌ပူနွေးနွေး ရှိနေဆဲဒေါသကိုလောင်စာဖြည့်ပေးလိုက်သလို.....။

'ဘာလဲကွာ...စက်ဘီးလေးစီးမလို့ပါဆိုမှ
ပြောစရာရှိတာမြန်မြန်ပြော'

သည်းခံစိတ်ဟာ မိုင်ကုန်ပြီ။
ဒေါသထွက်လွန်းလို့
ဘေးနားကစားပွဲပေါ်တင်ထားတဲ့ လဖ္ဘက်ရည်ခွက်နဲ့ ကောက်ပေါက်လိုက်တော့
မရှောင်တဲ့သူကြောင့် နားထင်ကိုတည့်တည့်သွားမှန်သည်...။

စိတ်လွတ်လက်လွတ်ဖြစ်ပြီးမှ သွေးတစ်စက်စက်နဲ့ ‌တွေတွေကြီးရပ်နေတဲ့‌Sunghoonက Jayကိုအသိစိတ်ပြန်ကပ်ပေးလိုက်သလို...။

'ထိသွားပြီ...။Sung.. Sunghoonအရမ်းနာသွားလားဟင်..ဘာလို့မရှောင်ဘဲငေးနေတာလဲ။ငါဆေးထည့်ပေးမယ်နော်
ဒီမှာခနစောင့် အိမ်ထဲမှာဆေးသေတ္တာသွားယူမလို့'

စိုးရိမ်စိတ်တွေနဲ့ စကား‌တတွတ်တွတ်‌ပြောနေတဲ့ Jayက စောနတုန်းကကြောက်စရာကောင်းလောက်အောင် ဒေါသထွက်နေတဲ့Park Jayနဲ့ လားလားမျှဆိုင်မနေ။

အိမ်ထဲကိုခပ်သုတ်သုတ်ပြေးပြီး ဆေးသေတ္တာယူလာကာ အရက်ပြန်နဲ့ပေါက်သွားတဲ့ နေရာကိုတို့လိုက်တော့ တွန့်ကနဲ ဖြစ်သွားတာကြောင့် ရင်ကထိတ်ခနဲ....။
အော် ယောက်ျားတစ်ယောက်ရခါမှ စိတ်တွေလည်းနုတတ်လာပါရောလား။

'နည်းနည်းစပ်မယ်..ငါလေနဲ့မှုတ်ပေးမယ်နော်
ငြိမ်ငြိမ်လေးနေ'

နှုတ်ခမ်းလေးဆူပြီး
လေတဖူးဖူးမှုတ်နေတဲ့
အကောင်ပေါက်စလေးလို‌အမျိုးသားက
Park Sunghoonရဲ့ အပြုံးဖြစ်တည်ရာမြစ်ဖျားခံဖြစ်လိမ့်မည်။
ထိုအမျိုးသားရဲ့ အပြုအမူတစ်ခုစီတိုင်း
ကို သဘာတကျလိုက်ငေးရတာက
Sunghoon ရဲ့အကျင့်လိုတောင်ဖြစ်
နေပြီ။

'Sunghooon....မင်းကလေ ဘာလို့ငါ့ကို
အမြဲစိတ်နှစ်ခွဖြစ်အောင်လုပ်နေရတာလဲ။
တကယ်ဆို ငါမင်းကိုစိစိညက်ညက်ကြေအောင် လုပ်ပစ်မလို့....အခုကျတော့ငါကမင်းကိုစိတ်ပူနေရတယ်။'

𝗖𝗥𝗬𝗣𝗧𝗜𝗖 Where stories live. Discover now