Jayဒီနေ့ ရုံးစောစောဆင်းမိသည်....။
နေ့လည်စာစားတုန်း အတွေးထဲHoonကို ဟင်းချက်ကျွေးချင်စိတ် ပေါက်လာတာကြောင့် ဈေးဝယ်ရန်အတွက် Jaeyunကိုပါဝင်ခေါ်ရမည်...။'Hoonက အသားကင်သိပ်ကြိုက်တာ...
အမဲသားရယ်၊ဆလပ်ရွက်ရယ် နောက်ပြီး
ဆိုဂျူလဲဝယ်မယ်
နောက်ရက်တွေဆိုရင် မနက်စာလေးပါပြင်ပေးရအောင် ကင်မ်ချီတွေပါဝယ်မယ်''ရှင်းခွေးပေါက်ကိုလည်း တစ်ခါထဲညစာစားပြီးမှ ပြန်ခိုင်းရမယ်.....။
မောင်က စကိတ်စီးတတ်တယ်တဲ့
ခွေးပေါက်ကို မောင့်စကေးတွေပါပြခိုင်းပစ်မယ်..'ဒီနေ့ကျမှ ဘာရယ်မှန်းမသိ...တအားပျော်နေလို့ မခေါ်ဖူးတဲ့နာမ်စားကိုတောင် ပါးစပ်ကတတွတ်တွတ်ကို ခေါ်နေမိသည်..။
ကားကိုပါကင်ထိုးပြီးတာနဲ့ စင်္ကြန်လမ်းပေါ်ရောက်တုန်း မထိတွေ့တာကြာပြီဖြစ်တဲ့
သဘာဝရဲ့လေနုအေးကို အပြည့်အဝရှူရှိုက်လိုက်ရင်း ဘေးဘီကိုလှည့်ကြည့်မိတော့
ဖြတ်ခနဲမြင်လိုက်တဲ့ နို့နှစ်ရောင်အင်္ကျီနဲ့ကျောပြင်က ရင်းနှီးနေသလို....။အရေးတယူ စဉ်းစားနေရမဲ့အကြောင်းအရာမဟုတ်တာကြောင့် ခေါင်းထဲကထုတ်လိုက်ပြီး ဆေးရုံဝန်းထဲကို ဝင်လိုက်တာနဲ့ ရင်းနှီးပြီးသား ဝန်ထမ်းတွေက ဖော်ဖော်ရွေရွေဆက်ဆံကြတော့
Jayပြုံးပြရင်းပြန်နှုတ်ဆက်လိုက်ကာJaeyun ရဲ့အခန်းဆီကို လျှောက်လာခဲ့သည်....။ဘယ်သောအခါမှ အခန်းတံခါးမခေါက်တဲ့Jayရဲ့အကျင့်အတိုင်း အသံမပေးဘဲတံခါးဖွင့်လိုက်မိတာက ကောင်းတာလားဆိုးတာလားတောင် မသဲကွဲတော့....။
'မောင်!.....အယ်..Sunghoonဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ'
ဒါဆို ခုနကမြင်လိုက်တဲ့ နို့နှစ်ရောင်လေးကHoonပေါ့....။
Jayက'မောင်...'ဆိုတာကို
တိုးတိုးလေးခေါ်လိုက်တာကြောင့် ဆိုင်သူရောJaeyunပါ မကြားလိုက်တာသေချာသည်..။'အာ..Jay...ကျွန်တော်ပျင်းတာနဲ့ Jakeyဆီအလည်လာလိုက်တာ
Jayက ဘာလာလုပ်တာလဲ..ရုံးဆင်းချိန်လဲမဟုတ်ဘဲနဲ့'မျက်ခုံးတစ်ဖက်ပင့်ပြီးပြောလာတဲ့Sunghoonရဲ့အမေးကို ပျော်ပျော်ကြီးဆွဲထားတဲ့အစီအစဉ်တွေအားလုံးဖျက်ပြီး လိမ်လိုက်မိသည်...။
YOU ARE READING
𝗖𝗥𝗬𝗣𝗧𝗜𝗖
FanfictionREVENGEFUL, CRYPTIC LOVE TO SOMEONE (တစ်စုံတစ်ယောက်အတွက် သနားစရာကောင်းသော၊ လျှို့ဝှက်ဆန်းကြယ်သောအချစ်)