"ဆရာမ အခန်းနံပါတ်592က ဘယ်နားမှာလဲ ပြောပြပေးလို့ရမလား"
"လေးထပ်မြောက်ကို တက်သွားပြီးရင် ညာဘက်ဆုံးက အခန်းပါရှင့်"
"ဟုတ်ကဲ့ ကျေးဇူးပါဆရာမ... Jay
သွားမယ်လာ... Sunghoon က
ဘာမှမဖြစ်ပါဘူး မင်းအရမ်းကြီးစိုးရိမ်
မနေနဲ့"Jaeyun ကသာမစိုးရိမ်ဖို့ တဖွဖွပြောနေပေမဲ့
ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်
ဖြစ်ပြီး မောဟိုက်နေတဲ့
Jayကအသိစိတ်တောင် ကပ်ချင်မှကပ်လိမ့်မည်။နှစ်ယောက်သား နေ့လည်စာစားနေတုန်း ဖုန်းဝင်လာတော့ ဆေးရုံကဆက်တာတဲ့...။
Park Sunghoon Accident ဖြစ်လို့ဆိုတဲ့
စကားကို ကြားလိုက်ရတော့ မျက်လုံးတွေတောင်ပြာဝေသွားသလို...။တံခါးလက်ကိုင်ကို ဆွဲဖွင့်လိုက်တော့
ကုတင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ တစ်ဦးတည်းသောလေး...။"Jay.."
Jayကို မြင်တာနဲ့ အဖေကိုပြန်ရှာတွေ့တဲ့ ကလေးလေးလို ကုတင်ပေါ်မှာ
တအိအိငိုနေတာကြောင့်
အနားကိုခပ်မြန်မြန်လျှောက်သွား
လိုက်တော့ ခါးကနေဖက်ထားပြန်သည်။"Sunghoon ဘယ်နားကိုထိခိုက်သွားသေးလဲ
အရမ်းနာနေလို့လား..ဟင်...
မော့ကြည့်ပါအုံး ငါ့ကို'စကားနားထောင်တဲ့ ကောင်လေးက ချက်ချင်းမော့ကြည့်လာတော့
ထိခိုက်မိသွားတဲ့ နေရာတွေကို
သေချာကြည့်မိသည်..။"Sunghoon က လက်ပဲဒဏ်ရာရသွားရုံပါ..
ပြီးတော့ နဖူးနည်နည်း ပေါက်သွားတယ်
ခြေထောက်က ညပ်သွားတာဆိုတော့
အဆစ်လွဲသွားတယ်.. ဒါပဲဖြစ်တာ မသေဘူး""မင်း အသာနေစမ်းပါ ခွေးပေါက်ရယ်
ငါကြည့်ပါအုံးမယ်"နဖူးပေါ်မှာ ပလာစတာအသေးလေး ကပ်ထားရုံမို့ ကြီးကြီးမားမားဒဏ်ရာ ရမသွားတာကိုပဲ ကျေးဇူးတင်ရမည်။
ငွေမင်ရောင် ဆံနွယ်လေးတွေကို
ခပ်ဖွဖွပွတ်ပေးမိတော့ တစ်ဦးတည်းသောက မော့ကြည့်လာသည်...။"ဆေးရုံက နောက်သုံးရက်လောက်မှဆင်းရမယ်တဲ့..."
"ကောင်းတာပေါ့..အရှင်းပျောက်မှ
အိမ်ပြန်လာတော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား"
YOU ARE READING
𝗖𝗥𝗬𝗣𝗧𝗜𝗖
FanfictionREVENGEFUL, CRYPTIC LOVE TO SOMEONE (တစ်စုံတစ်ယောက်အတွက် သနားစရာကောင်းသော၊ လျှို့ဝှက်ဆန်းကြယ်သောအချစ်)