"CEO...Valentine dayမှာ အမျိုးသားနဲ့ပျော်ခဲ့ရဲ့လားဗျ"
တစ်ရုံးလုံးရဲ့အကြည့်တွေက ကာယကံရှင် Jay ဆီမှာ
ဝန်ထမ်းတွေက သူ့ဆီကအဖြေကိုရင်ခုန်နေကြတဲ့ပုံ..။"သူကျွန်တော်နဲ့အတူတူ ရှိမနေခဲ့ပါဘူး
အခုကစပြီး ဘာမေးခွန်းမှမမေးဘဲ
အလုပ်ကိုသာ အာရုံစိုက်ပြီးလုပ်ကြဖို့ ပြောချင်ပါတယ်"ပျက်သွားတဲ့မျက်နှာတွေနဲ့ နေရာအသီးသီးကိုပြန်သွားကြတဲ့ ဝန်ထမ်းတွေက
သူ့ထက်တောင်ပိုပြီး ခံစားနေကြသလိုပဲ..။
သာမာန်နေ့တစ်နေ့ပဲဟာကို အတူတူရှိမနေတော့ရော ဘာအကြောင်းလဲ။
သေချာတာတော့ သူတို့ရောJayရော သိနေတဲ့အကြောင်းအရာက တစ်ခုထဲဆိုတာပင်။လွန်ခဲ့တဲ့သုံးရက်က....
"CEO..ဒီနေ့ရုံးစောစော ဆင်းပေးလို့ရမလား"
စာရွက်စာတမ်းတွေထဲ
ခေါင်းစိုက်နေတဲ့Jayကို ရုံးကဝန်ထမ်းကောင်မလေး တွေက ကြောက်ကြောက်ရွံ့ရွံ့နဲ့ ပြောလာသည်။"အရေးကြီးကိစ္စရှိလို့လား"
"ဟို..ဒီနေ့က ချစ်သူများနေ့ဆိုတော့"
ချစ်သူများနေ့ဆိုကာမှ Jayခေါင်းမော့ကြည့်မိသည်..။
"ဟုတ်လား...အလုပ်တွေရှုပ်နေတာနဲ့ ဘာနေ့မှန်းတောင် မသိလိုက်ဘူး..။"
လက်ကနာရီကိုကြည့်လိုက်ဝောာ့ လေးနာရီပဲရှိသေးသည်။
မှန်တံခါးကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ သူ့ခွင့်ပြုချက်ကို စောင့်နေကြတဲ့ဝန်ထမ်းတွေက မျှော်တလင့်လင့်နဲ့ ကြည့်နေတာကြောင့် ဒီနေ့တစ်ရက်တော့ရုံးစောဆင်းပေးလိုက်မည်..။"ဒါဆိုလည်း ဒီနေ့ရုံးစောစောဆင်းကြတာပေါ့
ဂရုလည်း စိုက်ကြအုံး""ရေးးးး..ငါတို့CEOကအကောင်းဆုံးပဲ"
ဘယ်လောက်ပင်ခက်ထန်တယ် ဆိုဦးတော့။
ကိုယ့်လက်အောက်မှာ
အလုပ်လုပ်နေတဲ့သူတွေကလည်း ကိုယ့်မိသားစုပဲမို့ Jay ဟာဂရုစိုက်ပေးတတ်သည်..။Jayခေါင်းသာညိမ့်ပြလိုက်သည်..။
သေချာပေါက် ပျော်ရမှာပေါ့...။"Jay..ဒီနေ့လျှောက်လည်ကြမယ်နော်"
အိမ်အဝင်ပေါက်ကနေ အော်ပြောလာတဲ့Sunghoon ကြောင့် Jay နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်...။
ခေါင်းငြိမ့်ပြလိုက်တော့ ပြေးလာပြီးကောက်ချီလိုက်တဲ့ သူကြောင့် လန့်သွားရသည်..။
YOU ARE READING
𝗖𝗥𝗬𝗣𝗧𝗜𝗖
FanfictionREVENGEFUL, CRYPTIC LOVE TO SOMEONE (တစ်စုံတစ်ယောက်အတွက် သနားစရာကောင်းသော၊ လျှို့ဝှက်ဆန်းကြယ်သောအချစ်)