P(16)

573 57 3
                                    

ခြေစုံရပ်နေတဲ့ရှေ့ကသစ်သားခြံစည်းရိုးမှာအဖြူရောင်နှင်းဆီပင်တွေ
နွယ်တက်နေပေမဲ့ တိတိကျကျပုံဖော်ထားတာကြောင့် အမြင်မှာသိပ်တော့ ရှုပ်ယှပ်ခတ်မနေပါ....။
သော့ခတ်မထားတဲ့ခြံတံခါးကိုတွန်းဖွင့်ဖို့ ချည်တုံချတုံဖြစ်နေတာမို့ ဘေးကJaeyunကပဲတွန်းဖွင့်ပြီး အရင်ဝင်သွားသည်။‌
ခြေတစ်လှမ်း,လှမ်းတိုင်းမှာ အရင်အချိန်ကအမှတ်တရတွေက ရုပ်ရှင်ပြကွက်တစ်ခုလိုအစီအရီပေါ်လာတော့ ရှေ့ဆက်သွားဖို့တောင် အားမရှိချင်တော့။
ဒီနှင်းဆီဖြူတွေ...‌အဖြူရောင်သိပ်ကြိုက်တဲ့ မိန်းကလေးအတွက် သူကိုယ်တိုင်စိုက်ပေးခဲ့တာ...။
ဘေးပတ်ပတ်လည်ကမြက်ပင်၊ခြုံ‌ပင်တွေရှင်းနေပုံအရ အမေရောက်နေတာရက်ပိုင်းလောက်တော့ ကြာပြီထင်တယ်...။

‌"အမေ...ကျွန်တော်ရောက်ပြီ"

တံခါးကိုဖွဖွခေါက်ရင်း ‌ရောက်ရှိကြောင်းအသိပေးလိုက်ပြီးတအောင့်နေတော့ တဖြည်းဖြည်းပွင့်လာတဲ့တံခါးနဲ့အတူ အပြုံးတို့နဲ့ ကြိုဆိုလာတဲ့မိုယွန့်အမေ။

"သားရောက်လာပြီပဲ..အော ဒေါက်တာလေးလည်း အတူပါလာတာကိုး
လာ လာအထဲဝင်ကြ အပြင်မှာမိုးကျလာပြီ"

"ဒီ‌အိမ်ကသားတို့နဲ့စိမ်း‌သွားမဲ့နေရာတော့မဟုတ်ဘူးထင်တယ်..။အရင်ကလိုပဲ
လွတ်လွတ်လပ်လပ်နေကြနော်..အမေကော်ဖီပူပူလေး ဖျော်လာခဲ့မယ်"

"Jay...ငါတို့တွေနောက်ဆုံးတစ်ခေါက်ဒီကိုရောက်တုန်းကလည်း ဒီပုံစံပဲနော်
ဘာမှမပြောင်းလဲသွားတာမရှိဘူး"

"ပြောင်းလဲသွားတယ်"

"ဟင်"

တစ်နေရာကိုစိုက်ကြည့်ပြီး ပြောလာတဲ့Jayကြောင့် Jaeyunပါလိုက်ကြည့်မိတော့
နံရံမှာချိတ်ထားတဲ့ ဓာတ်ပုံမှန်ဘောင်တစ်ခု..။
ပုံထဲက ကလေးက၇နှစ်သာသာလောက်ပဲရှိယ်ထင်သည်..။အင်္ကျီအနီနဲ့ကောင်လေးက တစ်ခုခုကိုကြည့်နေတဲ့ပုံ...

"အဲဒီပုံကိုမြင်ဖူးလားJaeyun.. ရင်းနှီးနေတယ်လို့မထင်မိဘူးလား မင်း"

"အင်း..နည်းနည်းတော့ရင်းနှီးနေသလိုပဲ"

"မိုယွန်က သူ့အစ်ကိုအကြောင်းကိုမှမပြောခဲ့ပဲ..အဲဒါကြောင့်သားတို့ကသူ့အစ်ကို ကိုမသိခဲ့တာ.."

𝗖𝗥𝗬𝗣𝗧𝗜𝗖 Where stories live. Discover now