P(7)

609 60 11
                                    


ခွမ်း!!!

Jay..တို့အခန်းကနေ ကျကွဲသံကြားလိုက်ရတာကြောင့် Mrs.Park
ဖတ်လက်စ စာအုပ်ကိုပစ်ချကာ အပေါ်ထပ်ကို ပြေးတက်သွားရင်း လှေကားထိပ်အရောက်

ဖြောင်းး!!

မြင်လိုက်ရတဲ့မြင်ကွင်းဟာ
ရင်ဘတ်တစ်ခုလုံးကို နင်းချခံလိုက်
ရသည့်နှယ်...။

"သားငယ်!!
သမတ်'ဟွန်း'!!မင်းငါ့သားကို ဘယ်လိုလုပ်လိုက်တာလဲ..ဟမ်"

ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့Jayဆီကို ပြေးသွားရင်း Sunghoonကို ဒေါသတကြီးမေးလိုက်တဲ့ Mrs.Park...

Sunghoonကတော့ ထီမထင်တဲ့ မျက်နှာဘေးနဲ့သာ စိုက်ကြည့်နေသည်။

"အာ...‌Sorryနော် အန်တီ
ဒီလို အဖြစ်အပျက်မျိုးကို အန်တီ့ရှေ့မှာကျူးလွန်မိသွားတယ်"

ဟန်ဆောင်ကာ မဲ့ရွဲ့ပြောနေတဲ့Sunghoonရဲ့ ပုံစံကိုကြည့်ပြီးMrs.Park စိတ်တိုလွန်းလို့ အသားတွေပါ တုန်လာတဲ့အထိ...။

"Jay..မင်းကသံပုရာရည်တစ်ခွက် ကိုတောင်အသုံးကျအောင် မဖျော်နိုင်ဘူးလား..ကိုယ့်ယောက်ျားအတွက် ဒီလိုကိစ္စအသေးအဖွဲလေးတွေကို မင်းလုပ်မပေးနိုင်ဘူးလား ပြောစမ်း..
ဒီရက်ပိုင်းတွေမှာ မင်းကမောင့်ကို
အာရုံရှုပ်အောင် သိပ်လုပ်‌နေတယ်Jay"

စိတ်ပျက်လက်ပျက် လေသံနဲ့ပြောလာတဲ့Sunghoonရဲ့ စကားတွေဟာJayရဲ့
မာနတွေကိုရော ယောက်ျားသိက္ခာတွေကိုပါရစရာမရှိတော့အောင် ဖိနှိမ်လွန်းသည်..။

"နောက်တစ်ခါဆိုတာ မရှိပါစေနဲ့...
နောက်ရက်ကစပြီး မင်းချက်တဲ့
ထမင်းဟင်းကိုပဲ မောင်စားချင်တယ်။
ထပ်ပြီး စိတ်ပျက်အောင်လုပ်နေအုံးမယ်ဆိုရင်တော့ မောင့်အဆိုးမဆိုနဲ့"

ပြောချင်တာတွေ ပြောပြီးအခန်းတံခါးကို
'ဂျိန်း'ကနဲ မြည်အောင်ပိတ်သွားတဲ့
SunghoonကိုJayကြည့်နေရုံမှ တစ်ပါး ဘာမှကိုမတက်နိုင်ခဲ့

"သားငယ်...မေမေ့သားငယ်လေးရယ်
ဒီလိုမြင်ကွင်းတွေကို
မေမေ မကြည့်ရက်ဘူးကွယ်။မေမေ
ရင်နာတယ် သားရဲ့"

မျက်ရည်ဆက်လတ်နဲ့ ပြောလာတဲ့
မေမေ့စကားတွေဟာJayကို အဆုံးအဆမဲ့
နာကျင်စေပါသည်...။

𝗖𝗥𝗬𝗣𝗧𝗜𝗖 Where stories live. Discover now