"Grace အခြေအနေဘယ်လိုရှိလဲ"
ရှိန်ပိန်ခွက်အား လက်ချောင်းရှည်သွယ်သွယ်တို့ကြားကနေလှုပ်ရင်း ဩဇာဩောင်းလှတဲ့ အသံထွက်လာတော့
မျက်နှာချင်းဆိုင်မှာမတ်တပ်ရပ်နေတဲ့
အတွင်းရေးမှူးတောင် လန့်သွားရတဲ့အထိ...။"CEO JAYက တအားဖြတ်ထိုးဉာဏ်ကောင်းလွန်းတယ်။
သူက Grace တို့နယ်ပယ်ထဲက နာမည်ကြီးစီးပွားရေးရှင်တွေကိုပါ ချည်ပြီးတုပ်ပြီး လုပ်ထားတာ။
ပြီးတော့ သူ့အမေရဲ့နယ်ပယ်ထဲကရော သူ့နယ်ထဲပါ
ပူးပေါင်းလိုက်တာဆိုတော့
Project ကအောင်မြင်ခါနီးနေပြီလို့ ပြောလို့ရပါတယ်"ခွမ်း ကနဲမြည်သံနဲ့အတူ နံရံကိုပစ်ပေါက်လိုက်တဲ့ ရှန်ပိန်ခွက်က တစ်စစီကြေမွသွားတော့သည်..။
"ငါကြားချင်တာ Park Jay ရဲ့ကောင်းကွက်တွေကို မဟုတ်ဘူးဆိုတာနားမလည်ဘူးလား ဟမ်...။
ငါလိုချင်တဲ့ အဖြေကိုမင်းမသိတာလားGrace
မင်းငါ့လက်ထောက်ဖြစ်လာတဲ့
သက်တမ်းတစ်လျှောက် ဒီတစ်ခါစိတ်အပျက်မိဆုံးပဲ။
ခုချက်ချင်းထွက်သွားငါ့ရှေ့က!"Grace ထွက်သွားတဲ့နောက် ရုံးခန်းထဲမှာတစ်ယောက်ထဲကမ္ဘာပျက်ကျန်ခဲ့တာက Park Sunghoon။
ဘယ်လောက်များ ဒေါသထွက်နေသလဲဆိုရင် စားပွဲပေါ်မှာ ရှိသမျှ ကြမ်းပေါ်မှာပွစာ ကြဲကုန်ရသည်အထိ...။နံရံကို ထိုးနေတဲ့လက်တွေက
သွေးတစ်စက်စက်ယိုလာမှ နာရမှန်းသိလာသည်။
ရှိသမျှဒေါသအားလုံးကို နံရံကြီးဆီပုံချလိုက်မှ အနည်းငယ်ပြေလျော့သွားသလို
မဟုတ်ရင် အဲဒီအမျိုးသားကို သူတကယ်မုန်းမိတော့မှာ။"ဘာလို့ မင်းအမေရဲ့ လူတွေကိုပါ စည်းရုံးထားရတာလဲ Jayရဲ့။
ကျရှုံးမှာတော့ ကြောက်နေလိုက်တာများ
မင်းသိလား..
ငါ့အစီအစဉ်တွေအားလုံး မင်းမျက်နှာမြင်တာနဲ့ စောက်တလွဲဖြစ်ကုန်တာ အဲလိုမျိုးဖြစ်နေရတာတွေငါတအားမုန်းတယ်Jay..."ကိုယ့်မှာ သေသေချာချာအစီအစဉ်ဆွဲထားလည်း ဖြူဖျော့ဖျော့မျက်နှာလေးကို
မြင်တာနဲ့
မလုပ်နိုင်တာတော့လို့ အမျိုးမျိုးပြောင်းခဲ့ရပေါင်းလဲ မနည်းတော့ဘူး..။
Grace နဲ့တုန်းကလဲ အဲဒီ သူ စိတ်ရှုပ်သွားမှန်းသိလို့ နောက်နေ့မနက်ပဲ condo ပြန်နေခိုင်းလိုက်တာ ။
YOU ARE READING
𝗖𝗥𝗬𝗣𝗧𝗜𝗖
FanfictionREVENGEFUL, CRYPTIC LOVE TO SOMEONE (တစ်စုံတစ်ယောက်အတွက် သနားစရာကောင်းသော၊ လျှို့ဝှက်ဆန်းကြယ်သောအချစ်)